ရွှေလီ-မန်စံဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့၌ဓာတ်အားပြတ်တောက်
စော(NSS) - ဩဂုတ် ၃၀
ရွှေလီ-မန်စံဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့၌ ယာယီ ဓာတ်အား ပြတ်တောက်နေကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယနေ့(ဩဂုတ်လ ၃၀)ရက်မွန်းလွဲအချိန်ပိုင်းတွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ 230kV ရွှေလီ-မန်စံ ဓာတ်အားလိုင်း သည် ယနေ့ (ဩဂုတ်လ ၃၀ရက်) မွန်းလွဲ(၂)နာရီ (၄၅)မိနစ်အချိန်တွင် ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်ပေါ်နေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပြတ်တောက်နေကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးကို အချိန်နှင့်တပြေးညီကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထား သည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းဖြင့်သာ ရယူသုံးစွဲနေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထန်တလန်မြို့ပေါ်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်စဉ် ချင်းပူးပေါင်းအဖွဲ့မှ (၁၅)ဦးသေဆုံးခဲ့ဟု CDF အဖွဲ့ထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ