တီဘီရောဂါသည် မြန်မာနိုင်ငံတွင် ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာဖြစ်ကြောင်း နစကဝန်ကြီးဆို
သန့်ဇင် (NSS) - ဩဂုတ် ၃၀
တီဘီရောဂါသည် မြန်မာနိုင်ငံတွင် ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန့်နေ့(ဩဂုတ်လ ၂၉ရက်)တွင် နေပြည်တော်ရှိ ကျန်းမာရေးဦးစီးဌာန၌ကျင်းပပြုလုပ်ခဲ့သော အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းနှစ်ပက်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တီဘီရောဂါသည် မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမားရေးပြဿနာဖြစ်ပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် တီဘီဆေးနှင့် ပစ္စည်းများဝယ်ယူရန် နိုင်ငံတော်အစိုးရမှ(၂၀၂၂-၂၀၂၃)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၅) သန်းနှင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၅)သန်း ခွဲဝေချထားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan)၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်နေကြောင်း ၎င်းကဆက် လက်ပြောသည်။
မြန်မာနိုင်ငံတွင် (၂၀၂၂)ခုနှစ် နှစ်ချုပ်အစီရင်ခံစာများအရ တီဘီဆေးကုသမှုအောင်မြင်နှုန်းသည် (၈၇)ရာခိုင်နှုန်း၊ တီဘီနှင့်အိပ်ချ်အိုင်ဗွီ ဒွန်တွဲလူနာများ၏ တီဘီဆေးကုသမှုအောင်မြင်နှုန်းသည် (၇၅ ရာခိုင်နှုန်း) ရှိခဲ့ပြီး ဆေးယဉ်ပါးတီဘီ ဆေးကုသမှုအောင်မြင်နှုန်းသည် (၇၆ ရာခိုင်နှုန်း)ရှိခဲ့ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
တီဘီရောဂါသည် ဆေးပုံမှန်သောက်ပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည့်အတွက် တီဘီရောဂါစမ်းသပ်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်တင်ကာ ကွင်းစက်ကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ စီးပွားရေးသိပ္ပံဘွဲ့ (၅)ခုအတွက် ပထမနှစ်ကျောင်းသားများခေါ်ယူ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ