အမေရိကန် နဲ့ မဟာမိတ်တွေရဲ့လုပ်ရပ်တွေက ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်လာအောင် ခြိမ်းခြောက်နေဟု မြောက်ကိုရီးယား ဝေဖန်
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
အမေရိကန် နဲ့ ၎င်းရဲ့မဟာမိတ်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ အခြေအနေများကို ပိုမိုဆိုးရွားလာစေခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ ကြီးမားတဲ့စစ်ပွဲတွေဖြစ်လာစေဖို့ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ ရန်လိုတဲ့ မူဝါဒများရှိနေတဲ့ကာလပတ်လုံး မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန် နဲ့တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်မှာမဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကို နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCNA က ဖော်ပြရာတွင် "အမေရိကန်အစိုးရနဲ့ ၎င်းတို့တပ်ဖွဲ့တွေရဲ့ ရန်လိုတဲ့အပြုမှုလုပ်ရပ်တွေ နဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းမှုတွေက ဒေသအတွင်းနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနေတယ်" လို့ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင် တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦး က ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ဟာ စစ်ရေးပူးတွဲ လေ့ကျင့်မှုများကို တိုးမြင့်ဖို့အပြင် ဗုံးကြဲလေယာဉ်များ၊ လေယာဉ်တင်သင်္ဘောများ ကဲ့သို့သော မဟာဗျူဟာ မြောက် စစ်လက်နက်ပစ္စည်းများ ပိုမိုဖြန့်ကြတ်ချထားဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားရဲ့စစ်လက်နက်ပစ္စည်းဖွံ့ဖြိုးတိုးတက်မှုကို ရင်ဆိုင်ဖို့ နဲ့ စစ်ပွဲကိုတားဆီးနိုင်ဖို့ အမေရိကန်ဟာ တောင်ကိုရီးယားမှာ မဟာဗျူဟာမြောက်လက်နက်များ ချထားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ အမေရိကန် တပ်ဖွဲ့တွေနဲ့ တော်ကိုရီးယားတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က B-1B အမျိုးအစားဗုံးကြဲလေယာဉ်များ၊ F-22 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်များ၊ F-35 အမျိုးအစားတိုက်လေယာဉ်များ ပါဝင်တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက "ဒါဟာ အမေရိကန်ရဲ့ အန္တရာယ်ရှိတဲ့လုပ်ရပ်တွေကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရတယ်။ အမေရိကန်ရဲ့လုပ်ရပ်တွေက ကိုရီးယားကျွန်းဆွယ်မှာ ကြီးမားတဲ့စစ်လက်နက်ပစ္စည်း ပြိုင်ဆိုင်မှုတွေ၊ စစ်ပွဲတွေဖြစ်လာအောင် လုပ်ဆောင်နေတာဖြစ်တယ်" လို့ ပြောပါတယ်။
Zawgyi Version;
အေမရိကန္ နဲ႔ မဟာမိတ္ေတြရဲ႕လုပ္ရပ္ေတြက ကိုရီးယားကြၽန္းဆြယ္မွာ စစ္ပြဲျဖစ္လာေအာင္ ၿခိမ္းေျခာက္ေနဟု ေျမာက္ကိုရီးယား ေဝဖန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
အေမရိကန္ နဲ႔ ၎ရဲ႕မဟာမိတ္ႏိုင္ငံမ်ား ပူးတြဲစစ္ေရးေလ့က်င့္မႈေတြဟာ အေျခအေနမ်ားကို ပိုမိုဆိုး႐ြားလာေစခဲ့ၿပီး ကိုရီးယားကြၽန္းဆြယ္မွာ ႀကီးမားတဲ့စစ္ပြဲေတြျဖစ္လာေစဖို႔ ၿခိမ္းေျခာက္ေနျခင္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕ ရန္လိုတဲ့ မူဝါဒမ်ားရွိေနတဲ့ကာလပတ္လုံး ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ နဲ႔ေတြ႕ဆုံ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္မွာမဟုတ္ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ေၾကညာခ်က္ကို ႏိုင္ငံပိုင္မီဒီယာျဖစ္တဲ့ KCNA က ေဖာ္ျပရာတြင္ "အေမရိကန္အစိုးရနဲ႔ ၎တို႔တပ္ဖြဲ႕ေတြရဲ႕ ရန္လိုတဲ့အျပဳမႈလုပ္ရပ္ေတြ နဲ႔ စစ္ေရးထိပ္တိုက္ေတြ႕ဆုံဖို႔ ႀကိဳးပမ္းမႈေတြက ေဒသအတြင္းနဲ႔ ကိုရီးယားကြၽန္းဆြယ္မွာ ႏိုင္ငံေရးနဲ႔ စစ္ေရးအေျခအေနေတြ ပိုမိုဆိုး႐ြားလာေနတယ္" လို႔ ေျပာပါတယ္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ ေတာင္ကိုရီးယားႏိုင္ငံကို သြားေရာက္ခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ တာဝန္ရွိသူတစ္ဦး က ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးနဲ႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးတို႔ဟာ စစ္ေရးပူးတြဲ ေလ့က်င့္မႈမ်ားကို တိုးျမင့္ဖို႔အျပင္ ဗုံးႀကဲေလယာဥ္မ်ား၊ ေလယာဥ္တင္သေဘၤာမ်ား ကဲ့သို႔ေသာ မဟာဗ်ဴဟာ ေျမာက္ စစ္လက္နက္ပစၥည္းမ်ား ပိုမိုျဖန႔္ၾကတ္ခ်ထားဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားရဲ႕စစ္လက္နက္ပစၥည္းဖြံ႕ၿဖိဳးတိုးတက္မႈကို ရင္ဆိုင္ဖို႔ နဲ႔ စစ္ပြဲကိုတားဆီးႏိုင္ဖို႔ အေမရိကန္ဟာ ေတာင္ကိုရီးယားမွာ မဟာဗ်ဴဟာေျမာက္လက္နက္မ်ား ခ်ထားဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။ အေမရိကန္ တပ္ဖြဲ႕ေတြနဲ႔ ေတာ္ကိုရီးယားတပ္ဖြဲ႕ေတြဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က B-1B အမ်ိဳးအစားဗုံးႀကဲေလယာဥ္မ်ား၊ F-22 အမ်ိဳးအစား ကိုယ္ေပ်ာက္တိုက္ေလယာဥ္မ်ား၊ F-35 အမ်ိဳးအစားတိုက္ေလယာဥ္မ်ား ပါဝင္တဲ့ ပူးတြဲစစ္ေရး ေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ဒါဟာ အေမရိကန္ရဲ႕ အႏၲရာယ္ရွိတဲ့လုပ္ရပ္ေတြကို ရွင္းလင္းျပတ္သားစြာ ေတြ႕ျမင္ရတယ္။ အေမရိကန္ရဲ႕လုပ္ရပ္ေတြက ကိုရီးယားကြၽန္းဆြယ္မွာ ႀကီးမားတဲ့စစ္လက္နက္ပစၥည္း ၿပိဳင္ဆိုင္မႈေတြ၊ စစ္ပြဲေတြျဖစ္လာေအာင္ လုပ္ေဆာင္ေနတာျဖစ္တယ္" လို႔ ေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်မှာ အမေရိကန်စစ်အခြေစိုက်စခန်းများ တိုးချဲ့တည်ဆောာက်ခွင့်ပေးသွားမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ