ဖိလစ်ပိုင်မှာ အမေရိကန်စစ်အခြေစိုက်စခန်းများ တိုးချဲ့တည်ဆောာက်ခွင့်ပေးသွားမယ်
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
ဖိလစ်ပိုင် နဲ့ အမေရိကန်နိုင်ငံတို့ဟာ ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း (၄) ခုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြတ်ချထားရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ဖိလစ်ပိုင် နဲ့ အမေရိကန်နိုင်ငံကြား ၂ဝ၁၄ ခုနှစ်က သဘောတူညီခဲ့တဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးစာချုပ်အရ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ထပ်မံ လက်ခံ ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ဟာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိချိန်အတွင်း သဘောတူညီမှုကို ကြေညာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် နဲ့ ဖိလစ်ပိုင်တို့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး အဖုထစ်များ ရှိနေမှုကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းမှုများလည်းရှိနေခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အရေး နဲ့ပတ်သက်ပြီး စစ်ရေးတိုးမြင့်မှုများလုပ်ဆောင်နေသလို တောင်တရုတ်ပင်လယ်မှာလည်း ဖိလစ်ပိုင်နဲ့ ပိုင်နက် နယ်မြေအငြင်းပွားလျက်ရှိနေတယ်လို့ သိရပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့သြဇာချဲ့ထွင်မှုတွေ၊ စစ်ရေးတိုးမြင့်မှုတွေ မြင့်တက်လာချိန်မှာ အမေရိကန် နိုင်ငံကလည်း တရုတ်နဲ့ ရင်ဆိုင်နိုင်ဖို့ ဒေသအတွင်းရှိ နိုင်ငံများနဲ့ စစ်ရေးတိုးချဲ့တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေချိန်မှာပဲ ထိုင်ဝမ် နဲ့လည်း အငြင်းပွားမှုများရှိနေပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ပြောဆိုထားပြီး ထိုင်ဝမ်ကတော့ ကိုယ်ပိုင်လွတ်လပ်ရေး ရယူဖို့ ကြိုးပမ်းနေပါတယ်။
Zawgyi Version;
ဖိလစ္ပိုင္မွာ အေမရိကန္စစ္အေျခစိုက္စခန္းမ်ား တိုးခ်ဲ႕တည္ေဆာာက္ခြင့္ေပးသြားမယ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
ဖိလစ္ပိုင္ နဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ ဖိလစ္ပိုင္ႏိုင္ငံရွိ အေမရိကန္စစ္အေျခစိုက္စခန္း (၄) ခုမွာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ပိုမိုျဖန႔္ၾကတ္ခ်ထားေရးအတြက္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။
ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးက ဖိလစ္ပိုင္ နဲ႔ အေမရိကန္ႏိုင္ငံၾကား ၂ဝ၁၄ ခုႏွစ္က သေဘာတူညီခဲ့တဲ့ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ တိုးျမင့္ေရးစာခ်ဳပ္အရ အေမရိကန္စစ္အေျခစိုက္စခန္းေတြ ထပ္မံ လက္ခံ ေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ဟာ ဖိလစ္ပိုင္ႏိုင္ငံကို ေရာက္ရွိခ်ိန္အတြင္း သေဘာတူညီမႈကို ေၾကညာခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
အေမရိကန္ နဲ႔ ဖိလစ္ပိုင္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရး အဖုထစ္မ်ား ရွိေနမႈကို ျပန္လည္ျပင္ဆင္ႏိုင္ဖို႔ ႀကိဳးပမ္းမႈမ်ားလည္းရွိေနခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္အေရး နဲ႔ပတ္သက္ၿပီး စစ္ေရးတိုးျမင့္မႈမ်ားလုပ္ေဆာင္ေနသလို ေတာင္တ႐ုတ္ပင္လယ္မွာလည္း ဖိလစ္ပိုင္နဲ႔ ပိုင္နက္ နယ္ေျမအျငင္းပြားလ်က္ရွိေနတယ္လို႔ သိရပါတယ္။
အာရွ-ပစိဖိတ္ေဒသမွာ တ႐ုတ္ႏိုင္ငံရဲ႕ၾသဇာခ်ဲ႕ထြင္မႈေတြ၊ စစ္ေရးတိုးျမင့္မႈေတြ ျမင့္တက္လာခ်ိန္မွာ အေမရိကန္ ႏိုင္ငံကလည္း တ႐ုတ္နဲ႔ ရင္ဆိုင္ႏိုင္ဖို႔ ေဒသအတြင္းရွိ ႏိုင္ငံမ်ားနဲ႔ စစ္ေရးတိုးခ်ဲ႕တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား ရွိေနခ်ိန္မွာပဲ ထိုင္ဝမ္ နဲ႔လည္း အျငင္းပြားမႈမ်ားရွိေနပါတယ္။
တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ေျပာဆိုထားၿပီး ထိုင္ဝမ္ကေတာ့ ကိုယ္ပိုင္လြတ္လပ္ေရး ရယူဖို႔ ႀကိဳးပမ္းေနပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားကို တုံ့ပြန်နိုင်ရန် စွမ်းရည်မြင့်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် တောင်ကိုရီးယားအစိုးရစီစဥ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ