ထိုင်းဝန်ကြီးချုပ်အဖြစ်က အနားယူပြီးနောက် သာမန်အရပ်သားပုံစံမျိုးဖြင့်သာ မိသားစုနဲ့အတူ နေထိုင်သွားမယ်လို့ ပရာယွတ်ချန်အိုချာပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၃ဝ
ထိုင်းအစိုးရအသစ်ဖွဲ့စည်းပြီးချိန်မှာ အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ်က အနားယူပြီး မိသားစုနဲ့အတူ သာမန်အရပ်သားပုံစံမျိုးဖြင့်သာ နေထိုင်သွားတော့မှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ပရာယွတ်ချန်အိုချာက ၎င်းအနေနဲ့ လက်ကျန်ဘဝကို မိသားစုနဲ့အတူ ကုန်ဆုံးသွားမှာဖြစ်ပြီး အခွင့်ထူးများမရတဲ့ သာမန်ပြည်သူပုံစံမျိုးအဖြစ်သာ နေထိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ပရာယွတ်ချန်အိုချာဟာ လာမယ့်အစိုးရအသစ်ကို အာဏာမလွှဲပြောင်းခင် သြဂုတ် ၂၉ ရက်က ဝန်ကြီးချုပ်ရုံးရှိ ဝန်ထမ်းများ၊ ဝန်ကြီးများအားလုံးကို ကျေးဖူးတင်ရှိကြောင်း ပြောပါတယ်။
ပရာယွတ်ချန်အိုချာဟာ သြဂုတ် ၂၉ ရက်က အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးကျင်းပခဲ့ပြီးနောက် ဝန်ကြီးအချို့ နဲ့ အတူနေလည်စာ စာသုံးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပရာယွတ်ချန်အိုချာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်း ဝန်ကြီးချုပ်အသစ်အဖြစ်တာဝန်ယူမယ့် ဆာရက်သာတာဗီဆင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဏာလွှဲပြောင်းမှုတွေ လုပ်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ပရာယွတ်ချန်အိုချာဟာ မေလက ကျင်းပခဲတဲ့ရွေးကောက်ပွဲမှာ ထိုင်းအမျိုးသားညီညွှတ်ရေးပါတီကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပြီးနောက် မကြာမီမှာ နိုင်ငံရေးလောက အနားယူမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပရာယွတ်ချန်အိုချာဟာ ၂ဝ၁၄ ခုနှစ်မှာ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ် ယင်လပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ရာထူးက ဖြုတ်ချခဲ့ပြီး ထိုင်းစစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ကာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ၉ နှစ်နီးပါးကြာ တာဝန်ယူ ခဲ့သူဖြစ်ပါတယ်။
ပရာယွတ်ချန်အိုချာဟာ သြဂုတ် ၂၉ ရက်က ဝန်ကြီးချုပ်ရုံး ဝန်ထမ်းတွေ၊ ဝန်ကြီးတွေနဲ့ သတင်းထောက်တွေကို နှုတ်ဆိတ်ချိန်အတွင်း အမှတ်တရဓါတ်ပုံကို အုပ်စုလိုက်ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့၌ ဆိုင်ကယ်ဖြင့် ဖုန်းလုပြေးသူများကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ