မန္တလေးမြို့၌ ဆိုင်ကယ်ဖြင့် ဖုန်းလုပြေးသူများကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့
သန့်ဇင်(NSS) - ဩဂုတ် ၃၀
မန္တလေးမြို့တွင် ဆိုင်ကယ်တစ်စီးဖြင့် ဖုန်းလုပြေးသည့် အမျိုးသား(၃)ဦးအနက် (၂)ဦးအား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၀ ရက်)၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် မန္တလေးမြို့၊ ၈၄လမ်း၊ ၃၃လမ်းနှင့် ၈၂လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူတို့က ဆိုင်ကယ်တစ်စီးနဲ့ (၃)ယောက်လာပါတယ်ဗျ။ ကောင်မလေး(၂)ယောက်ကလမ်းကူးနေတုန်းမှာ ဝင်လုတာပါ”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖုန်းလုပြေးသည့် အမျိုးသား(၃)ဦးအနက် (၂)ဦးသည် အောင်မြင့်ဝင်း(၃၀)နှစ်နှင့် ကျော်ဇင်မျိုး(၂၁)နှစ်တို့ဖြစ်ပြီး မန္တလေးမြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
“တစ်ယောက်ကတော့ လွတ်သွားတယ်။ (၂)ယောက်တော့ဖမ်းမိတယ်ဗျ။ အနားကပြည်သူတွေဝိုင်းဖမ်းပေးတာပေါ့နော်။ အလုခံရတဲ့အမျိုးသမီးတွေရဲ့ ဖုန်းတွေကို သူတို့ကရိုက်ခွဲပစ်တာဗျ”ဟု ၎င်းကဆက် လက်ပြောသည်။
ဖမ်းဆီးရမိသည့် အမျိုးသား(၂)ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် အမှတ်(၆)ရဲစခန်းသို့ သက်ဆိုင်ရာမှ စစ်ဆေးနိုင်ရေးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ ရဲစခန်း(၃)ခုအနီး၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း