အသက် ၈ နှစ်သာရှိသေးပေမယ့် ဆန်းသစ်တီထွင်မှုအများအပြားကို လုပ်ပြနိုင်ခဲ့တဲ့ အိန္ဒိယကလေးငယ်
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂
အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့က ရီရှီ ရှီဗ် ပရာဆန်နာဟာ အသက် ၈ နှစ် အရွယ်သာရှိသေးပေမယ့် ၎င်းရဲ့ထက်မြက်မှု၊ တီထွင်ဖန်တီးမှုတွေကို ကမ္ဘာကြီးကိုပြသနေရာ Pradhan Mantri Rashtriya Bal Puraskar Award ဆုကို ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ အသက် ၈ နှစ်အရွယ်ရှိ ပရာဆန်နာဟာ သူရဲ့အက်ပ်တီထွင်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို ပြုလုပ်နိုင်ရုံ သာမက စာရေးဆရာနဲ့ YouTuber တစ်ဦးလည်းဖြစ်ပါတယ်။ ပရာဆန်နာဟာ ရူပဗေဒပညာရှင် အဲလ်ဘတ် အိုင်းစတိုင်းထက် အိုင်ကျူ ၁၈ဝ ရှိတဲ့ ကလေးတစ်ဦးဖြစ်ပြီး ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ (Mensa International) ရဲ့ အငယ်ဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။
ပရာဆန်နာဟာ သူရဲ့ YouTube ချန်နယ်ကနေ အခြားသူတွေအတွက် သိပ္ပံပညာနဲ့ပတ်သက်တဲ့ ပညာရေးဆိုင်ရာ ဗီဒီယိုတွေကိုလည်း တင်ပေးနေသူလည်းဖြစ်ပါတယ်။ ပရာဆန်နာဟာ သာမန်ကလေးတွေမတူဘဲ သာမန်ထက်ပို ပြီး ဉာဏ်ရည်ထက်မြက်တယ်ဆိုတာကို မူကြိုတက်ချိန်ကတည်းက ဆရာ၊ဆရာမတွေ သတိထားမိခဲ့တယ်လို့ သိရပါတယ်။
ပရာဆန်နာဟာ အသက် ၃ နှစ်အရွယ်မှာ သူဟာ ဆိုလာစနစ်၊ ဂြိုဟ်တွေနဲ့ စကြာဝဠာအကြောင်း ပြောပြနေပြီး၊ ၅ နှစ်အရွယ်မှာတော့ Coding ကို သင်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၈ နှစ်အရွယ်သာရှိသေးပေမယ့် ပရာဆန်နာဟာ လက်ရှိအချိန်မှာ အိုင်ကျူစစ်ဆေးတဲ့ အက်ပ် အပါအဝင် မိုဘိုင်းအက်ပ် (၃) ခုကို တီထွင်နိုင်ခဲ့သလို စာအုပ် (၂) အုပ်ကို ရေးသားခဲ့ပြီးလည်းဖြစ်ပါတယ်။
ပရာဆန်နာ က "လူတိုင်းမှာ အရည်အချင်းရှိကြပြီး အခြားအရာတွေကို မစိုးရိမ်ဘဲ သူတို့ရဲ့စွမ်းရည်တွေကို စူးစမ်း ကြည့်သင့်တယ်။ အားပေးတိုက်တွန်းမှုက သူတို့ရဲ့စွမ်းဆောင်ရည်ကို ဖွင့်ပေးဖို့ သော့ချက်ဖြစ်တယ်" လို့ ပြောပါတယ်။
Zawgyi Version;
အသက္ ၈ ႏွစ္သာရွိေသးေပမယ့္ ဆန္းသစ္တီထြင္မႈအမ်ားအျပားကို လုပ္ျပႏိုင္ခဲ့တဲ့ အိႏၵိယကေလးငယ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂
အိႏၵိယႏိုင္ငံ ဘန္ဂလိုၿမိဳ႕က ရီရွီ ရွီဗ္ ပရာဆန္နာဟာ အသက္ ၈ ႏွစ္ အ႐ြယ္သာရွိေသးေပမယ့္ ၄င္းရဲ႕ထက္ျမက္မႈ၊ တီထြင္ဖန္တီးမႈေတြကို ကမာၻႀကီးကိုျပသေနရာ Pradhan Mantri Rashtriya Bal Puraskar Award ဆုကို ခ်ီးျမႇင့္ခံခဲ့ရတယ္လို႔ သိရပါတယ္။
အဆိုပါ အသက္ ၈ ႏွစ္အ႐ြယ္ရွိ ပရာဆန္နာဟာ သူရဲ႕အက္ပ္တီထြင္မႈနဲ႔ ဆန္းသစ္တီထြင္မႈေတြကို ျပဳလုပ္ႏိုင္႐ုံ သာမက စာေရးဆရာနဲ႔ YouTuber တစ္ဦးလည္းျဖစ္ပါတယ္။ ပရာဆန္နာဟာ ႐ူပေဗဒပညာရွင္ အဲလ္ဘတ္ အိုင္းစတိုင္းထက္ အိုင္က်ဴ ၁၈ဝ ရွိတဲ့ ကေလးတစ္ဦးျဖစ္ၿပီး ကမာၻ႔အိုင္က်ဴအျမင့္ဆုံးသူမ်ားအဖြဲ႕ (Mensa International) ရဲ႕ အငယ္ဆုံးအဖြဲ႕ဝင္ေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။
ပရာဆန္နာဟာ သူရဲ႕ YouTube ခ်န္နယ္ကေန အျခားသူေတြအတြက္ သိပၸံပညာနဲ႔ပတ္သက္တဲ့ ပညာေရးဆိုင္ရာ ဗီဒီယိုေတြကိုလည္း တင္ေပးေနသူလည္းျဖစ္ပါတယ္။ ပရာဆန္နာဟာ သာမန္ကေလးေတြမတူဘဲ သာမန္ထက္ပို ၿပီး ဉာဏ္ရည္ထက္ျမက္တယ္ဆိုတာကို မူႀကိဳတက္ခ်ိန္ကတည္းက ဆရာ၊ဆရာမေတြ သတိထားမိခဲ့တယ္လို႔ သိရပါတယ္။
ပရာဆန္နာဟာ အသက္ ၃ ႏွစ္အ႐ြယ္မွာ သူဟာ ဆိုလာစနစ္၊ ၿဂိဳဟ္ေတြနဲ႔ စၾကာဝဠာအေၾကာင္း ေျပာျပေနၿပီး၊ ၅ ႏွစ္အ႐ြယ္မွာေတာ့ Coding ကို သင္ယူခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၈ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ ပရာဆန္နာဟာ လက္ရွိအခ်ိန္မွာ အိုင္က်ဴစစ္ေဆးတဲ့ အက္ပ္ အပါအဝင္ မိုဘိုင္းအက္ပ္ (၃) ခုကို တီထြင္ႏိုင္ခဲ့သလို စာအုပ္ (၂) အုပ္ကို ေရးသားခဲ့ၿပီးလည္းျဖစ္ပါတယ္။
ပရာဆန္နာ က "လူတိုင္းမွာ အရည္အခ်င္းရွိၾကၿပီး အျခားအရာေတြကို မစိုးရိမ္ဘဲ သူတို႔ရဲ႕စြမ္းရည္ေတြကို စူးစမ္း ၾကည့္သင့္တယ္။ အားေပးတိုက္တြန္းမႈက သူတို႔ရဲ႕စြမ္းေဆာင္ရည္ကို ဖြင့္ေပးဖို႔ ေသာ့ခ်က္ျဖစ္တယ္" လို႔ ေျပာ ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နဲ့ မဟာမိတ်တွေရဲ့လုပ်ရပ်တွေက ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်လာအောင် ခြိမ်းခြောက်နေဟု မြောက်ကိုရီးယား ဝေဖန်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း