ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ U-12 အသင်း အဆင့် ၂၆ နေရာရရှိ
သန့်ဇင်(NSS) - ဩဂုတ် ၃၀
မြန်မာ U-12 အသင်းအနေဖြင့် ဂျပန်နိုင်ငံတွင် (၁၁)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် U-12 Junior Soccer World Challenge 2023 ကိုသွားရောက်ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၂၆ နေရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ပြီးခဲ့သော ဩဂုတ်လ ၂၄ ရက်မှစတင်ကာ ၂၇ ရက်အထိ ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် U-12 အသင်းအနေဖြင့် ၎င်းပြိုင်ပွဲတွင် ဘာစီလိုနာလူငယ်အသင်းဖြင့် တစ်အုပ်စုတည်းကျရောက် ကစားပြီးနောက် အတွေ့အကြုံရရှိရန် ဂျပန်လူငယ်ကလပ်များနှင့် ခြေစမ်းပွဲများ ဆက် လက်ယှဉ်ပြိုင်ကစားခဲ့ရာမှ မြန်မာ U-12 အသင်းအနေဖြင့် အဆင့် ၂၆ နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ် သည်။
ခြေစမ်းပွဲများကစားရာတွင် မြန်မာ U-12အသင်းအနေဖြင့် ဂျပန်လူငယ် ကလပ်များဖြစ်သည့် Saitama City North FC အသင်းအား ၄ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ Una Primavera Football Club အသင်းအား ၆ ဂိုး၊ ၁ဂိုးဖြင့်လည်းကောင်း၊ Niiza Katayama FC အသင်းအား ၄ဂိုး၊ ဂိုးမရှိဖြင့် အကောင်းဆုံးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြန်မာ့လက်ရွေးစင် U-12 အသင်းသည် ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်)တွင် ဂျပန်နိုင်ငံမှပြန် လည်ထွက်ခွါခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ(၆)နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာ U-12 အသင်းအနေဖြင့် အဆိုပါဖိတ်ခေါ်ပြိုင်ပွဲကို ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဥရောပထိပ် တန်းအသင်းများ၊ အာရှအသင်းများ နှင့် ကြိုးစားယှဉ်ပြိုင်ခဲ့ရပြီး အတွေ့အကြုံကောင်းများ ရယူနိုင်ခဲ့သည်ကိုတွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်အဖြစ်က အနားယူပြီးနောက် သာမန်အရပ်သားပုံစံမျိုးဖြင့်သာ မိသားစုနဲ့အတူ နေထိုင်သွားမယ်လို့ ပရာယွတ်ချန်အိုချာပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း