ARSA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာနှင့်အဖွဲ့အစည်းအချို့က လစ်လျူရှုထားကြောင်းနှင့် ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် သတိပေးကြောင်း နစကတုံ့ပြန်
မြူနစ် (NSS) - သြဂုတ် ၂၉
ARSA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာနှင့်အဖွဲ့အစည်းအချို့က လစ်လျူရှုထားကြောင်းနှင့် ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် သတိပေးကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၇ ခုနှစ်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ကြေညာချက်၊ ပြောကြားချက်အပေါ် သြဂုတ်လ ၂၈ ရက် ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါကဲ့သို့ ထည့်သွင်းတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်သည် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း (၃၀)နှင့် တပ်ရင်းဌာနချုပ်တစ်ခုကို တစ်ပြိုင်တည်းအကွက်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့က ၎င်းအဖွဲ့၏ လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း တွေ့ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားသည်။
အဆိုပါအချိန်တွင် တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များသည် ဒေသခံပြည်သူများကို ကာကွယ်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော အရေးယူတုံ့ပြန်မှုများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်သော အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ပြီး အကြမ်းဖက်မှုလုပ်ရပ်များအားလုံးကို ရှုတ်ချသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
ထို့ပြင် ရိုဟင်ဂျာဟုဆိုသော အသုံးအနှုန်းသည် မည်သည့်မြန်မာ့သမိုင်းနှင့် ဥပဒေဆိုင်ရာစာရွက်စာတမ်းများတွင် တွေ့ရှိရခြင်း မရှိကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သတိပေးလိုသည်ဟုလည်း ထပ်မံတုံ့ပြန်ထားသည်။
၎င်းအသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းကာ နိုင်ငံရေးသဘောသက်ရောက်စေရန် သတင်းထုတ်ပြန်ခြင်း၊ ပြောကြားခြင်းများ ပြုလုပ်နေမှုသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံပူးတွဲအစီအစဉ်များနှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား မြန်မာနိုင်ငံက ဆောင်ရွက်နေမှုအပေါ် ကူညီရာမရောက်ကြောင်း ဝန်ကြီးဌာနက ဆက်လက်သတိပေးထားသည်။
လက်ရှိတွင် နစကအစိုးရသည် နေရပ်စွန့်ခွာသူများအား စိစစ်မှုများပြုလုပ်ကာ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် မိတ်ဆွေနှင့်မိတ်ဖက်နိုင်ငံများ ပူးပေါင်းကာ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ နိုင်ငံရေးသဘောသက်ရောက်စေသည့် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များကို ပြင်းထန်စွာ ပယ်ချသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဆန်အိတ်ပေါင်း (၃)သိန်းကျော်ရောင်းချပေးထားပြီး ဆက်လက်ရောင်းချပေးသွားမည်ဟု MRF ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ