အစိုးရကို လူမှုကွန်ရက်ကတဆင့် ဝေဖန်တိုက်ခိုက်နေသူတစ်ဦးကို ဆော်ဒီအာရေဗျအစိုးရ ကြိုးပေးကွပ်မျက်ခဲ့ဟု ဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းများက သေဒဏ်အပြစ်ပေးမှုတွေများ အဆုံးသတ်ဖို့ တောင်းဆိုနေပေမယ့် ဆော်ဒီအာရေဗျနိုင်ငံကတော့ သေဒဏ်အပြစ်ပေးမှုတွေကို ဆက်လက်ကျင့်သုံးနေပြီး လူမှုကွန်ရက်မှာ အစိုးရရဲ့အကျင့်ပျက်လာဘ်စားမှုတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဝေဖန်ပြစ်တင်ခဲ့သူတစ်ဦးကို သေဒဏ်ပေးခဲ့ကြောင်း သေဒဏ်ပေးခံရသူနဲ့နီးစပ်သူများက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုများကို စီရင်ဆုံးဖြတ်ဖို့ ၂ဝဝ၈ ခုနှစ်မှာ တည်ထောင်ထားတဲ့ အထူးရာဇဝတ်တရားရုံးဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ မိုဟာမက်အယ်ဂါဒီ ဆိုသူကို ကြိုပေးကွပ်မျက်ခဲ့တာဖြစ်ကြောင်း၊ ၎င်းရဲ့မိသားစုဝင်တွေ က အတည်ပြု ထားပါတယ်။ ၎င်းဟာ ဆော်ဒီအာရေဗျအစိုးရခေါင်းဆောင်တွေအပေါ် ဝေဖန်တိုက်ခိုက်မှုတွေအပြင် အစိုးရ အင်စတီကျူးရှင်များကို ထိခိုက်နာစေဖို့ နဲ့ အကြမ်းဖက်အတွေးခေါ်တွေကို အားပေးထောက်ခံတယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရကြောင်း သိရပါတယ်။
ဆော်ဒီအာရေဗျအစိုးရတာဝန်ရှိသူများကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျအစိုးရဟာ လူမှုကွန်ရက်ကနေ အစိုးရအပေါ် ဝေဖန်တိုက်ခိုက်နေသူတွေကို ဖြိုခွင်းမှုတွေ စတင်လုပ်ဆောင်မယ်ဆိုတဲ့ အရိပ်ယောင်ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။
ဆော်ဒီအာရေဗျအစိုးရဟာ သေဒဏ်အပြစ်ပေးမှုများအတွက် မကြာခဏဝေဖန်ပြစ်တင်ခံထားရပေမယ့် ပြီးခဲ့တဲ့နှစ်မှာ လူပေါင်း ၁၄၇ ဦးကို သေဒဏ်ပေးကွပ်မျက်ခဲ့သလို ၂ဝ၂၃ ခုနှစ်အတွင်းမှာလည်း လူပေါင်း ၉၄ ဦးကို ကွပ်မျက် ထားကြောင်း သိရပါတယ်။
ဆော်ဒီအာရေဗျအစိုးရဟာ ပြီးခဲ့တဲ့နှစ်ကလည်း လူမူကွန်ရက်ကတဆင့် အစိုးရအပေါ် ဝေဖန်ပြစ်တင်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို သေဒဏ်ပေးခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူပေါင်း ၂၃ဝ ကျော် သေဆုံးစေခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူသုံးဦးကို အီရတ်အစိုးရ သေဒဏ်ပေး ကွပ်မျက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ