လူပေါင်း ၂၃ဝ ကျော် သေဆုံးစေခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူသုံးဦးကို အီရတ်အစိုးရ သေဒဏ်ပေး ကွပ်မျက်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
အီရတ်အစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ဘဂ္ဂဒက်မြို့မှာ လူပေါင်း ၂၃ဝ ကျော် သေဆုံးစေခဲ့တဲ့ ဈေးဝယ်စင်တာ ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့သူအဖြစ် သံသယရှိသူ ၃ ဦးကို သေဒဏ်ပေးလိုက်ကြောင်း သိရပါတယ်။
အီရတ်ဝန်ကြီးချုပ်ရုံးက ဗုံးခွဲတိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာမျိုးဖြစ်ပြီး အပြစ်ပေးခံရသူတွေဟာ IS အဖွဲ့ဝင်တွေဖြစ်ကြောင်း ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်ပြီးရင် ဘဂ္ဂဒက်မြို့ဈေးဝယ်စင်တာလူသေဆုံးမှုက ကမ္ဘာတဝန်း ဗုံးခွဲခံရမှုတွေထဲမှာ လူသေဆုံးမှုအများဆုံး ဗုံးခွဲခံရမှုဖြစ်ခဲ့ပါတယ်။
ဘဂ္ဂဒက်မြို့ Karrada ဈေးဝယ်စင်တာနားမှာ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၃ ရက်က ကားဗုံးခွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အီရတ်ဝန်ကြီးချုပ်က "အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်အဖြစ်သေဒဏ် ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့သေဆုံးသူအရေအတွက်ဟာ အီရတ်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။ အီရတ်ရဲချုပ် ခါလီရာဟီက ဗုံးခွဲတိုက်ခိုက်တဲ့သူတွေဟာ မီနီဘတ်ကားအပြည့် ပေါက်ကွဲစေတဲ့ ပစ္စည်းများတင်ဆောင်ပြီး တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။
အီရတ်အစိုးရဟာ ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို ကွပ်မျက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် ကွပ်မျက်ခံရသူတွေရဲ့အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ကွပ်မျက်မှုတွေကို သြဂုတ် ၂၇ ရက် ညပိုင်း နဲ့ သြဂုတ် ၂၈ ရက်၊ နံနက်ပိုင်းတွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အီရတ်အာဏာပိုင်တွေက ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ဟာ အီရတ်နိုင်ငံ နဲ့ ဆီးရီးယားနိုင်ငံရှိ နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ဖူးတဲ့ IS အဖွဲ့ဝင် ၅ဝဝဝ နဲ့ ၇ဝဝဝ ကြားရှိနေဆဲဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားတို့မှာလည်း IS အဖွဲ့ကိုထောင်ခံသူအများအပြားရှိနေဆဲဖြစ်ကြောင်း ပြောထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားသုံးသူများသက်သာသောဈေးဖြင့် စားသုံးဆီဝယ်ယူနိုင်ရန် စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ