ထိုင်းပြည်သူများကို ရာထူးမှ ထွက်တော့မည့် ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ နှုတ်ဆက်စကားပြော
Pika (NSS) - သြဂုတ် ၂၈
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် ဝန်ကြီးချုပ်အဖြစ် ကိုးနှစ်ကြာ တာဝန်ယူပြီးနောက် ပြည်သူများကို နှုတ်ခွန်းဆက်စကားပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်း၏ အစိုးရလုပ်ဆောင်ခဲ့သည့် မပြီးပြတ်သေးသောကိစ္စအချို့ကို အစိုးရအသစ်က ဆက်လက် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မိကြောင်း ပရာရွတ်ချန်အိုချာက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်(၉)နှစ်တာ ကာလအတွင်း ကိုဗစ်(၁၉)ကပ်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ နှင့် စွမ်းအင်ဈေးနှုန်းများ အတက်အကျမြန်ခြင်းတို့ကဲ့သို့သော အတားအဆီးများ နှင့် ခက်ခဲသောအချိန်များကို ဖြတ်ကျော်ရန်အတွက် ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ထိုင်းပြည်သူများကို ကျေးဇူးတင်ကြောင်း ပရာရွတ်ချန်အိုချာက ထပ်မံ ပြောကြားခဲ့သည်။
ပရာရွတ်ချန်အိုချာက ပြီးခဲ့သည့်(၉)နှစ်သည် ၎င်း၏ ဘဝအတွက် အဓိပ္ပါယ်အရှိဆုံးကာလများဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါကာလအတွင်း ညဏ်ပညာနှင့် စွမ်းဆောင်ရည်များကိုမြှုပ်နှံကာ တိုင်းပြည်နှင့် လူမျိုး၏ အကျိုးအတွက် ထိုင်းလူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ပရာရွတ်ချန်အိုချာက ထပ်မံပြောကြားခဲ့သည်။
ပရာရွတ်ချန်အိုချာက ၎င်းအနေနဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ်အချိန်အတွင်း နယ်ပယ်အများအပြားတွင် ဖွံ့ဖြိုးတိုးတက်မှုများရှိခဲ့ပြီး ၎င်း၏ အစိုးရက စတင်လုပ်ဆောင်ခဲ့သော ပရောဂျက်အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ပရာရွတ်ချန်အိုချာက ၎င်း၏ အစိုးရသည် အနာဂတ်တွင် လူမှုရေးနှင့် စီးပွားရေးတိုးချဲ့မှုများကို လိုက်လျောညီထွေဖြစ်စေရန်အတွက် အဝေးပြေးလမ်းများ၊ ရထား နှင့် လေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးအခြေခံအဆောက်အဦးတို့တွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ခဲ့ကြောင်းပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံကို ဒေတာစင်တာများ၊ cloud ဝန်ဆောင်မှုများ နှင့် 5G နည်းပညာများအတွက် ဒေသဆိုင်ရာ ဗဟိုချက်တစ်ခုဖြစ်လာစေရန်အတွက် ထိုင်းအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နှင့် ပူးပေါင်းကာ ဆက်သွယ် ရေးအခြေခံအဆောက်အဦးများ နှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ကိုလုပ်ဆောာင်ခဲ့ကြောင်း ပရာရွတ်ချန်အိုချာက ပြောကြားခဲ့သည်။
အနာဂတ်တွင် စက်မှုလုပ်ငန်း(၁၂)ခုထားရှိရန် နှင့် ထိုင်းလုပ်သားများကို အဆင့်မြှင့်တင်ရန်အတွက် Eastern Economic Corridor (EEC) ကို ၎င်း၏ အစိုးရက တည်ထောင်ထားကြောင်း ပရာရွတ်ချန်အိုချာက ပြောကြားခဲ့သည်။ ပရာရွတ်ချန်အိုချာက ၎င်း၏ အစိုးရသည် နိုင်ငံတော်လူမှုဖူလုံရေးအစီအစဉ် နှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများအတွက် 1669 hotline ကဲ့သို့သော အစိုးရ၏ဝန်ဆောင်မှုများကို ပြည်သူများ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန်အတွက် နည်းပညာအသစ်များကို မိတ်ဆက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့နယ်အတွင်း၌ လေဖြန်းနေသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ