ပြည်မြို့နယ်အတွင်း၌ လေဖြန်းနေသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
သန့်ဇင်(NSS) - ဩဂုတ် ၂၈
ပြည်မြို့နယ်တွင် လေဖြန်း၍ အောက်ပိုင်းမကောင်းသည့် အမျိုးသားတစ်ဦး နွားတင်းကုတ်အတွင်းကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၈ ရက်)၊ နံနက် ၅နာရီအချိန်တွင် ပြည်မြို့နယ်၊ တီတွတ်စံပြကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက လေဖြန်းထားတော့ ချိုင်းထောက်နဲ့သွားနေတဲ့လူပေါ့။ လေဖြန်းတာကတော့(၂)နှစ်လောက်ရှိပြီ။ သူ့သားပြောတာတော့ နွားတင်းကုတ်ထဲမှာလုပ်သွားတာတဲ့။ မနက်(၅)နာရီလောက်မှာ အဲလိုလုပ်သွားတယ်ပေါ့”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၆၅)နှစ်ဝန်းကျင်ဖြစ်ပြီး တီတွတ်စံပြကျေးရွာတွင်နေထိုင်သူဖြစ်ကာ လေဖြန်းရောဂါကြောင့် အောက်ပိုင်းမသန်စွမ်းသူဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားအား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် တီတွတ်ကျေးရွာ သုသာန်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာရေတပ်နှင့်ဆက်နွယ်သော ကုမ္ပဏီထံသို့ အမေရိကန်ဒေါ်လာ(၁)သန်းခွဲတန် ဆိုနာစနစ် ရောင်းချခဲ့ကြောင်း စင်ကာပူနိုင်ငံသားနှစ်ဦး ဝန်ခံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း