ဂျိုးဘိုင်ဒန်ကို အောက်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ရန် ဒေါ်နယ်ထရမ့် တိုက်တွန်းတောင်းဆို
Pika (NSS) - သြဂုတ် ၂၈
အမေရိကန်အောက်လွှတ်တော်အနေဖြင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ရန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကန်ပါတီအမတ်များကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဥပဒေများကို ချိုးဖောက်ခဲ့ကြောင်း အောက်လွှတ်တော်က သက်သေပြပြီးပြီ ဖြစ်ပြီး လက်ရှိအချိန်သည် ဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ရန် အချိန်ကျပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားခဲ့သည်။
၎င်းက "ဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ဖို့ စုံစမ်းမေးမြန်းစရာမလိုပါဘူး။ သက်သေက ပြပြီးပါပြီ။ ကျွန်တော့်တုန်းကလည်း နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ရတယ်။ ပြီးတော့ လေးကြိမ် စွဲချက်တင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့အပေါ် ဒီလိုလုပ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ဩဂုတ်လလယ်တွင် ထုတ်ပြန်ထားသော ABC သတင်းဌာန နှင့် Ipsos တို့မှပြုလုပ်သောစစ်တမ်းအရ အမေရိကန် နိုင်ငံသားများသည် ဂျိုးဘိုင်ဒန်အပေါ် စုံစမ်းစစ်ဆေးမှုများ နောက်ကွယ်တွင်မရှိဟု ဖော်ပြထားကြောင်း သိရသည်။ အမေရိကန်နိုင်ငံသား(၃၂)ရာခိုင်နှုန်းကသာ ဂျိုးဘိုင်ဒန်၏ သားဖြစ်သူ ဟန်တာဘိုင်ဒန်ကိစ္စကို တရားမျှတစွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေပြီး (၄၈)ရာခိုင်နှုန်းမှာ ယုံကြည်မှုမရှိကြောင်း သိရသည်။
ဟန်တာဘိုင်ဒန်၏ ဥပဒေရေးရာပြဿနာများသည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ သမ္မတတာဝန်များနှင့် ဆက်စပ်မှုမရှိကြောင်း အမေရိကန်နိုင်ငံသားများ၏ (၃၁)ရာခိုင်နှုန်းမှ (၅၁)ရာခိုင်နှုန်းက ယုံကြည်သဘောတူကြကြောင်း ရိုက်တာနှင့် Ipsos တို့၏ စစ်တမ်းများအရ သိရသည်။
အဓိက အဆိုးဆုံးအချက်မှာ ဂျိုးဘိုင်ဒန်၏ သားဖြစ်သူ ဟန်တာဘိုင်ဒန်၏ပြဿနာများသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နှင့် ဆက်စပ်မှုမရှိဟု ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ (၃၂)ရာခိုင်နှုန်းက သဘောတူညီခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။ Fox သတင်းဌာန၏ မကြာသေးမီက ပြုလုပ်သောစစ်တမ်းတွင် ဟန်တာဘိုင်ဒန်သည် တရားမဝင်သော ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ခဲ့သည်ဟု စစ်တမ်းကိုဖြေဆိုသူများက ယုံကြည်ထားသော်လည်း ဖြေဆိုသူများ၏ (၃၈)ရာခိုင်နှုန်းကသာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်း၏ သားဖြစ်သူ စီးပွားရေးလုပ်ငန်း သဘောတူညီမှုများနှင့်ဆက်စပ်မှုရှိသည်ဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီသည် ဂျိုးဘိုင်ဒန်အပေါ် စွပ်စွဲပြစ်တင်ခြင်းကို ရှေ့ဆက်ဆောင်ရွက်နိုင်ချေရှိသော်လည်း လက်ရှိအချိန်တွင် အဆိုပါအချက်ကို သဘောတူညီလိုက်မည်ဆိုပါက ကီဗင်မက်ကာသီသည် ဒေါ်နယ်ထရမ့်၏ အမိန့်များကို လိုက်နာနေခြင်းဖြစ်သည်ဟု စွပ်စွဲခံရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ