Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်း ရှိ၊ မရှိအပါအဝင် သတင်းအချက်အလက်များကို ကွင်းဆင်းစစ်ဆေးရန် အဖွဲ့(၂)ဖွဲ့ကို နစက ဖွဲ့စည်းထား

မျိုးကြီး (NSS) - သြဂုတ် ၂၈

ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံ အလေးပြုခြင်းရှိ၊ မရှိအပါအဝင် သတင်းအချက်အလက်များကို ကွင်းဆင်းစစ်ဆေးကောက်ယူရန် နစက၏ ပညာရေးဝန်ကြီးဌာနက အဖွဲ့(၂)ဖွဲ့ကို ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။


အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ အခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ၏ ဖွင့်လှစ်သင်ကြားဆောင်ရွက်နေသည့်အခြေအနေများကို စိစစ်နိုင်ရန်အတွက် အဖွဲ့(၂)ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးသည်ဟု ပညာရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။

အထက်မြန်မာပြည်ရှိ ပုဂ္ဂလိကျောင်းများစိစစ်ဆေးရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ အောင်ဆွေထွန်းက ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး အောက်မြန်မာပြည်ရှိ ပုဂ္ဂလိကကျောင်းများစိစစ်စစ်ဆေးရေးအဖွဲ့ကို ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။


အဆိုပါကျောင်းများနှင့်ပတ်သက်၍ checklist နှင့် data collection form များ အသုံးပြုကာ သတင်းအချက်အလက်များ ကောက်ယူခြင်း၊ ကွင်းစစ်ဆေးခြင်းများကို ၎င်းအဖွဲ့(၂)ဖွဲ့က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းကျောင်းများ၌ ဥပဒေနှင့်အညီ ကျောင်းမှတ်ပုံတင်ရှိ/မရှိ၊ ကျောင်းဖွင့်လှစ်သင်ကြားရန် ခွင့်ပြုမိန့်ရှိ/မရှိ၊ ကျောင်း အင်္ဂါရပ်ပြည့်စုံကောင်းမွန်မှုရှိ/မရှိနှင့် အခွန်ထမ်းဆောင်မှုရှိ/မရှိတို့ကိုလည်း စစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

၎င်းကျောင်းများတွင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသားသင်ရိုး ညွှန်းတမ်ကော်မတီက သတ်မှတ်ထားသော မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်သင်ရိုးညွှန်းတမ်းအပြည့်အစုံအား သင်ကြားခြင်းရှိ/မရှိကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။

ဇာတိသွေး၊ ဇာတိမာန်ထက်သန်စေမည့် အလေ့အကျင့်ကောင်းများ(နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း)အား ပြုစုပျိုးထောင်ပေးနိုင်မှုရှိ/မရှိကိုလည်း အထက်ပါအဖွဲ့(၂)ဖွဲ့က စစ်ဆေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

“များသောအားဖြင့် ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေကတော့ နိုင်ငံတော်သီချင်း ဆိုတာတို့၊ ဘာတို့ကတော့ သူ့ရဲ့ မူဝါဒနဲ့အညီ အခြေခံပညာကျောင်းတွေနဲ့ အတူတူပဲ။ အမျိုးသားပညာရေးဥပဒေအောက်မှာအတူတူပဲ လုပ်ရတဲ့အခါကြတော့ ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေက နိုင်ငံတော်သီချင်းဆိုတာတွေ လုပ်ကြပါတယ်။ နောက်ကလေးတွေလည်း မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ယဉ်ကျေးလိမ္မာလာအောင် ယဉ်ကျေးလိမ္မာသင်တန်းတွေလည်း ဖွင့်ပေးတာတွေရှိတယ်” ဟု ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦးက NSS ကို မှတ်ချက်ပြုပြောကြားထားသည်။

ထို့ပြင် ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားများကို ထည့်သွင်းစည်းရုံးသင်ကြားပို့ချမှုရှိ/မရှိ၊ အတန်းအလိုက် သင်ကြားမှုများဆောင်ရွက်ရာတွင် နိုင်ငံရေးအရောင်အသွေးပါရှိမှု ရှိ/မရှိနှင့် ဘာသာရေး၊ နိုင်ငံရေး စွက်ဖက်လွှမ်းမိုးမှုရှိ/မရှိကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ဒါတွေကတော့ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့က နိုင်ငံ့သားကောင်းတွေကို မွေးထုတ်နေတဲ့ ကျောင်းတွေပဲလေ။ နိုင်ငံ့သားကောင်းတွေကို မွေးထုတ်နေတဲ့ ကျောင်းတွေဆိုတော့ စစ်ကိုစစ်ဆေးရမယ်။ မလုပ်တဲ့ကျောင်းတွေကိုလည်း ပညာပေးရမယ်။ အရေးယူရမယ်” ဟု အထက်ပါကျောင်းအုပ်ကြီးက ဆက် လက်ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ စိစစ်စစ်ဆေးရေးအဖွဲ့အနေဖြင့် ပြီးခဲ့သော ရက်ပိုင်းများအတွင်း၌ ရန်ကုန်မြို့ရှိ International School (၃၀)ခန့်ကို ကွင်းဆင်းစစ်ဆေးသွားခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျိုးဘိုင်ဒန်ကို အောက်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ရန် ဒေါ်နယ်ထရမ့် တိုက်တွန်းတောင်းဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved