ခြောက်နှစ်အတွင်း နိုင်ငံတစ်ဝှမ်း လေကြောင်းရန်ကာကွယ်ရေးပူးပေါင်းလေ့ကျင့်မှုကို ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ဟု တောင်ကိုရီးယားအစိုးရ ပြော
Pika (NSS) - သြဂုတ် ၂၇
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ နှင့် ဒုံးကျည်များဖြင့် ခြိမ်းခြောက်မှုများမြင့်တက်လာနေသည့်အချိန်တွင် တောင်ကိုရီးယားသည် ခြောက်နှစ်အတွင်း နိုင်ငံတစ်ဝှမ်း လေကြောင်းရန်ကာကွယ်ရေး ပူးပေါင်းလေ့ကျင့်ခန်းကို ပထမဆုံးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါလေ့ကျင့်မှုများ လုပ်ဆောင်နေချိန်အတွင်း အမိုးအကာများအောက်တွင် နေထိုင်ကြရန် တောင်ကိုရီးယား အစိုးရ၏ တောင်းဆိုမှုကို လူအများအပြားက လျစ်လျူရှုခဲ့ကြကြောင်း သိရသည်။ မြောက်ကိုရီးယား၏ တိုက်ခိုက်မှု (သို့မဟုတ်) အခြားအရေးပေါ်အခြေအနေများကို တုံ့ပြန်ရန်အတွက် တောင်ကိုရီးယားသည် အမေရိကန်နှင့်အတူ Ulchi Freedom Shield drills အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုသီတင်းပတ်အတွင်း စတင် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားအစိုးရသည် နှစ်စဉ်ကျင်းပနေကြဖြစ်သော Ulchi civil defense စစ်ရေးလေ့ကျင့်မှုကို လည်း ထည့်သွင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။ ဆိုးလ်မြို့ Jongno ခရိုင်မှ ရပ်ရွာခေါင်းဆောင် Park Joo-ui က "လေ့ကျင့်ရေးဧရိယာအတွင်းမှာ နေထိုင်ကြသူတွေကို အသိပေးဖို့ လက်ကမ်းစာစောင်တွေ ပေးဝေခဲ့ပေမယ့်လည်း ပြည်သူတွေရဲ့လျစ်လျူရှုမှုတွေကြောင့် အံ့ဩခဲ့ရပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ပြည်သူတွေဆီက ထောက်ခံမှုကိုရသင့်တာပါ၊၊ ပြည်သူတွေဆီက ထောက်ခံမှုကိုမရဖူးဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျပ်အတည်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပြင်ဆင်မှုတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ ပြည်သူတွေဟာ ဒီစစ်ရေး လေ့ကျင့်မှုတွေကို စိတ်မဝင်စားကြပါဘူး" ဟု ပြောခဲ့သည်။
အဆိုပါလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ ကျူးကျော်တိုက်ခိုက်မှုရန်မျာားကို ကာကွယ်ရန်အတွက် အချက် အချာကျခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် က ပြောကြားခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား နယ်စပ်ဒေသအနီးတွင် နေထိုင်သော ပြည်သူများသည် ဓါတု၊ဇီဝဗေဒနှင့် ဓါတ်ရောင်ခြည် လေ့ကျင့်မှုများကြောင့် ဓါတ်ငွေ့မျက်နှာဖုံးများဝတ်ဆင်ကာ အရေးပေါ်စားနပ်ရိက္ခာများကို အသုံးပြုနေရကြောင်း တောင်ကိုရီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းဆက်မြို့နယ်တွင် ဆာလာအိတ်အတွင်းမှ ငွေကျပ်သိန်း(၇၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ