ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ကာငွေကြေးများလုယက်သွားမှု မူဆယ်မြို့၌ ဖြစ်ပွား
သန့်ဇင်(NSS) - ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးအား လူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်၍ ငွေကြေးများလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၇ ရက်)၊ နံနက် ၆နာခွဲအချိန်တွင် မူဆယ်မြို့၊ နာရီစင်အနီး၊ ဈေးလမ်းကြားရှိ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်တဲ့အမျိုးသမီးကို သေနတ်နဲ့ပစ်သွားတာပါ။ နံကြားထဲကို (၂)ချက်ထိသွားတယ်။ ပိုက်ဆံထုပ်တော့ပါသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသမီးသည် အသက်(၄၉)နှစ်အရွယ်ဖြစ်ပြီး လူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်ကာ ငွေကြေးများ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့အမျိုးသမီးကမသေပါဘူး။ လုသွားတဲ့လူတွေက မိလားတော့မသိသေးဘူး။ အဲဒါက ရဲဘက်နဲ့ဆိုင်တော့ ကျွန်တော်တို့လဲသေချာမသိပါဘူး။ သေနတ်မှန်တဲ့ အမျိုးသမီးကိုတော့ တရုတ်ဘက်က ဆေးရုံပို့ထားပါပြီ”ဟု ၎င်းကဆက်လက်ပြောသည်။
ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား မူဆယ်ဆေးရုံမှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီဆေးရုံသို့ ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်ခြင်းကို မကျေနပ်တဲ့အတွက် တောင်ကိုရီးယားပြည်သူ ငါးသောင်းကျော် ဆန္ဒပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း