ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်ခြင်းကို မကျေနပ်တဲ့အတွက် တောင်ကိုရီးယားပြည်သူ ငါးသောင်းကျော် ဆန္ဒပြ
ဂျန်ဇက် (NSS) - ဩဂုတ် ၂၇
ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံက ရေဒီယိုသတ္တကြွရေဆိုးများ စွန့်ပစ်ခြင်းနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၅ သောင်းကျော် သြဂုတ် ၂၆ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
တရုတ်အစိုးရက သတိပေးမှုများရှိနေတဲ့ကြားကနေ ဂျပန်အစိုးရဟာ နျူကလီးယားဓါတ်အားပေးစက်ရုံက ထွက်ရှိတဲ့ ရေဒီယိုသတ္တိကြွရေးဆိုးများကို သြဂုတ်လ ၂၄ ရက်မှာ ပင်လယ်ထဲကို စတင်စွန့်ပစ်ခဲ့ရာ ဘေးအန္တရာယ်ဖြစ်ပွား မှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရပါတယ်။
ဆန္ဒပြအုပ်စုတွေဟာ တောင်ကိုရီးယားအစိုးရကို ဂျပန်နိုင်ငံက ရေဒီယိုသတ္တိကြွရေးဆိုးများ စွန့်ပစ်နေခြင်းနဲ့ ပတ်သက်ပြီး လိုအပ်တာများလုပ်ဆောင်ပေးဖို့ ရည်ရွယ်ဆန္ဒပြခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဂျပန်အစိုးရနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကတော့ ၂ဝ၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုနဲ့ ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရတဲ့ နျူကလီးယားဓါတ်ပေါင်းဖို့က ထွက်ရှိတဲ့ ရေဆိုးတွေက ဘေးကင်းလုံခြုံမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဂျပန်ငါးလုပ်ငန်းအေဂျင်စီကတော့ စွန့်ပစ်လိုက်တဲ့ရေဆိုးတွေရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ငါးတွေဟာ တစ်စုံတရာ အန္တရာယ်ဖြစ်ခြင်းမျိုး မရှိကြောင်း ပြောပါတယ်။ တောင်ကိုရီးယားအစိုးရက ရေဆိုးတွေ စွန့်ပစ်ခြင်းကြောင့် သိပ္ပံနည်းကျ ပြဿနာမရှိကြောင်း ပြောဆိုထားပါတယ်။
ဒါပေမယ့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကတော့ ပင်လယ်သမုဒ္ဒရာထဲကို ရေဆိုးတွေစွန့်ပစ်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ သက်ရောက်မှုအားလုံးကို လေ့လာခြင်းတွေမရှိသေးကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။
ဂျပန်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာကို ရေဆိုးတွေစွန့်ပစ်ပြီးနောက် တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံက တင်ပို့တဲ့ ရေထွက်ပစ္စည်းတွေကို လက်ခံတောမှာမဟုတ်ကြောင်း ပိတ်ပင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း