အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အကျင့်ပျက်လာဘ်စားမှုတွေရှိနေခဲ့ကြောင်း ယူကရိန်းရှေ့နေချုပ်ဟောင်း ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒုတိယသမ္မတအဖြစ် တာဝန်ယူချိန်ကာလအတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ကျူးလွန်ခဲ့ဖူးကြောင်း ယူကရိန်းရှေ့နေချုပ်ဟောင်းဗစ်တာ ရှိုကင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ဒုတိယသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ယူကရိန်းစွမ်းအင်ကုမ္ပဏီထံကနေ ငွေကြေးများရယူခဲ့ဖူးကြောင်း ၎င်းက ပြောပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သူရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန် ပါဝင်ပတ်သက်နေတဲ့ ယူကရိန်းအခြေစိုက် Burisma စွမ်းအင်ကုမ္ပဏီကို ယူကရိန်းရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးမှုတွေ ရပ်တန့်ဖို့ ဦးဆောင်လှုံ့ဆော်သူတွေထဲမှာလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ သားဖြစ်သူ ဟန့်တာဘိုင်ဒန်နဲ့ဆက်နွယ်ပြီး ယူကရိန်းစွမ်းအင်ကုမ္ပဏီထံကနေ ငွေကြေးများ ရယူခဲ့ဖူးကြောင်း အစောပိုင်းကလည်း သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။
ယူကရိန်းရှေ့နေချုပ်ဟောင်းဖြစ်သူ ဗစ်တာရှိုကင်က ၎င်းအနေနဲ့ ယူကရိန်းစွမ်းအင်ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ ၎င်းကို ရာထူးမှထုတ်ပယ်ဖို့ ယူကရိန်းသမ္မတပိုရိုရှန်ကို ဖိအားပေးတဲ့အတွက်၂ဝ၁၆ ခုနှစ်မှာ ရာထူးကနေ ထုတ်ပယ်ခံရကြောင်း ထပ်မံပြောဆိုထားပါတယ်။
၎င်းက "ယူကရိန်းစွမ်းအင်ကုမ္ပဏီထံကနေ ဂျိုးဘိုင်ဒန် နဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒန်တို့ လာဘ်ငွေတွေ ရယူခဲ့တယ်။ ကျွန်တော်ကို ရာထူးက ထုတ်ပယ်အောင်လုပ်ဆောင်ပေးနိုင်ခဲ့လို့ ယူကရိန်းစွမ်းအင်ကုမ္ပဏီဟာ ဂျိုးဘိုင်ဒန် နဲ့ ဟန်တာဘိုင်ဒန်တို့ကို အမေရိကန်ဒေါ်လာ ၁ ဘီလျံ ပေးခဲ့ရတယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒုတိယသမ္မအဖြစ်တာဝန်ယူချိန်အတွင်း သားဖြစ်သူ နဲ့ ဆက်နွယ်ပြီး ပြည်ပကုမ္ပဏီများထံကနေ အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့ကြောင်း ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဝေဖန်ပြစ်တင်ထားပါတယ်။
အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ Ian Sams ကတော့ သမ္မတဂျိုးဘိုင်ဒန်နဲ့ပတ်သက်ပြီး ယူကရိန်းရှေ့နေချုပ်ဟောင်းရဲ့ပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး ယူကရိန်းရှေ့နေချုပ်ဟောင်း လိမ်လည်ပြောဆိုနေကြောင်း တုံ့ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ကာငွေကြေးများလုယက်သွားမှု မူဆယ်မြို့၌ ဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ