အသက် ၁၆ နှစ်နဲ့အထက်ပြည်သူများကို ငွေကြေးကူညီထောက်ပံ့ပေးမယ့်အစီအစဉ်ကို လာမယ့်နှစ်မှာ စတင်မယ်လို့ ထိုင်းဝန်ကြီးချုပ်အသစ်ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၇
ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ရွေးကောက်ပွဲကတိအတိုင်း အသက် ၁၆ နှစ်နဲ့အထက် ရှိနေသူများကို ဘတ် ၁ဝဝဝဝ ပေးမယ့်အစီအစဉ်ကို လာမယ့်နှစ်ပထမ လေးလအတွင်း စတင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၁၆ နှစ်နဲ့အထက်ပြည့်ပြီးသူများကို အစိုးရဖြစ်လာချိန်မှာ ငွေကြေးများပေးသွားမယ်လို့ ဖြူထိုင်းပါတီက ရွေးကောက်ပွဲကာ လအတွင်း ကတိပြုခဲ့ရာ အငြင်းပွားမှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့စီးပွားရေး ပိုမိုကေင်းမွန်စေဖို့ ရည်ရွယ်ပြီး ဆင်းရဲမှုတွေကိုလျော့ချနိုင်ဖို့ ထိုင်းပြည်သူတွေကို အစိုးရဖြစ်လာချိန်မှာ ငွေကြေး ကူညီထောက်ပံ့ပေးသွားမယ်လို့ ဖြူထိုင်းပါတီက ပြောဆိုခဲ့ဖူးပါတယ်။
ဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က "ပြည်သူတွေကို ငွေကြေးကူညီထောက်ပံ့ပေးနိုင်မယ့် မူဝါဒတွေကို လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးသွားမယ်။ ပြင်ဆင်စရာရှိတာတွေကို ပြင်သွားမှာပါ။ လာမယ့်နှစ် ပထမလေးလ အတွင်း ထိုင်းနိုင်ငံမှာရှိတဲ့ အသက် ၁၆ နှစ်နဲ့အထက် ရှိသူတွေကို ငွေကြေးကူညီထောက်ပံ့ပေးသွားမှာပါ" လို့ ပြောပါတယ်။
ဖြူထိုင်းပါတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်ကလည်း ဘတ် ၁ဝဝဝဝ ကူညီထောက်ပံ့ပေးမယ့်အစီအစဉ်ကို လာမယ့်နှစ် ပထမနှစ်ဝက်အတွင်း အကောင်အထည်ဖော်သွားဖွယ်ရှိနေကြောင်း ပြောပါတယ်။
၎င်းက "၂ဝ၂၄ ခုနှစ် ထိုင်းသင်္ကြန်မတိုင်ခင် အသက် ၁၆ နှစ်နဲ့အထက်ရှိနေတဲ့ ထိုင်းပြည်သူ သန်း ၅ဝ ကို ဘတ် ၁ဝဝဝဝ စီပေးသွားမှာပါ။ အဲဒီအတွက် ထိုင်းအစိုးရဟာ ဘတ် သန်း ၆၅ဝ ကျော် သုံးစွဲရဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
ဆာရက်သာဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းဘုရင်ရဲ့ဝန်ကြီးချုပ်အသစ်အဖြစ် အသိအမှတ်ပြုခံရပြီးနောက် လက်ရှိအချိန်မှာ ထိုင်းအစိုးရအဖွဲ့အသစ်မှာ ပါဝင်မယ့် ဝန်ကြီးများစာရင်းကို လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းအတွင်း အစိုးရအဖွဲ့ဝန်ကြီးများစာရင်းကို ထုတ်ပြန်သွားဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အကျင့်ပျက်လာဘ်စားမှုတွေရှိနေခဲ့ကြောင်း ယူကရိန်းရှေ့နေချုပ်ဟောင်း ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ