ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်း U-12 အသင်း ဂျပန်ဆာဂန်တိုဆူအသင်းကို ရှုံးနိမ့်
သန့်ဇင် (NSS) - ဩဂုတ် ၂၇
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာ U-12 အသင်းက ဂျပန် Sagan Tosu U-12 အသင်းကို ရှုံးနိမ့်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါပြိုင်ပွဲကို ယမန်နေ့ (ဩဂုတ်လ ၂၆ရက်)၊ နေ့လည် ၁၂နာရီအချိန်တွင် ချီဘားမြို့ရှိ ဖူကူဒါဒန်းရှိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ U-12 အသင်းအနေဖြင့် ဩဂုတ်လ ၂၅ ရက်တွင် Tokyo Verdy Junior U-12 အသင်းကို အနိုင်ကစားနိုင်ခဲ့သော်လည်း ဂျပန်အသင်းတစ်သင်းဖြစ်သည့် Sangan Tosu U-12 အသင်းနှင့် ယှဉ်ပြိုင်ရာတွင် ၂ဂိုး၊ ဂိုးမရှိဆိုသော ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
မြန်မာလက်ရွေးစင် U-12 အသင်းသည် Barcelona U-12 အသင်းအပြင် ဂျပန်လူငယ် ကလပ်များနှင့် စုစုပေါင်း(၅)ပွဲကစားထားပြီး (၄)ပွဲရှုံးကာ ၁ပွဲအနိုင်ကစားထားနိုင်ခဲ့ကြောင်း တွေ့ရသည်။
အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ဩဂုတ်လ ၂၄ ရက်မှစတင်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင် နောက်ဆုံးနေ့အဖြစ် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် U-12 အသင်းအနေဖြင့် နိုင်ငံတကာအသင်းအတွေ့အကြုံပိုင်းတွင် တိုးတက်လာကြောင်း တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက် ၁၆ နှစ်နဲ့အထက်ပြည်သူများကို ငွေကြေးကူညီထောက်ပံ့ပေးမယ့်အစီအစဉ်ကို လာမယ့်နှစ်မှာ စတင်မယ်လို့ ထိုင်းဝန်ကြီးချုပ်အသစ်ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း