ထိုင်းရောက် MoU လုပ်သားများအား One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဥ် မကြာမီစတင်မည်
ယွန်း (NSS) - သြဂုတ် ၂၆
နိုင်ငံကူးလက်မှတ်သက်တမ်း (၂)နှစ်နှင့်အထက်ကျန်နေသည့် ထိုင်းရောက်မြန်မာများအား One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်နိုင်သည့် လုပ်ငန်းစဥ်ကို မကြာမီဆောင်ရွက်မည်ဟု ထိုင်းရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(သြဂုတ်လ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီ MoU အစီအစဉ်ဖြင့် ရောက်ရှိနေသူများသည် ကိုဗစ်-၁၉ ကာလ လွန်မြောက်ချိန်၌ မြန်မာသံရုံး (ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့တွင် နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးကာ ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့်အထက် ကျန်ရှိနေသူ များသည် MoU ၏ U-Turn လုပ်ငန်းစဥ်ကို မြန်မာနိုင်ငံတွင် ထပ်မံပြုပြီးမှ ထိုင်းနိုင်ငံတွင် U-Turn အစီအစဥ်ဖြင့် ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သံရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ထားသည်။
လက်ရှိတွင် MOU/U-Turn စနစ်ကို ယခင်ကဲ့သို့ ရန်ကုန်မြို့အထိ ပြန်လည်သွားရောက်လုပ်ကိုင်စရာမလိုဘဲ မြဝတီမြို့ နှင့် ကော့သောင်းမြို့များတွင် ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
MoU လုပ်သားများအနေဖြင့် အဆိုပါမြို့များသို့ ပြန်လည်ဝင်ရောက်၍ One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံရှိလုပ်ငန်းခွင်အသီးသီးကို ရက်တိုတိုဖြင့် ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဥ်ကို မကြာမီကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် လုပ်ငန်းခွင်ရှိ HR Manager များ၊ တာဝန်ရှိသူများကို အသိပေးထားရန်လိုအပ်ပြီး စတင်ဖွင့်လှစ်မည့်ရက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်အသေးစိတ်အား ထပ်မံအသိပေးသွားမည်ဖြစ်ကြာင်း သံရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာစစ်အစိုးရက ပြင်သစ်သံအမတ်ကြီးကို နိုင်ငံတွင်းမှနှင်ထုတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ