အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူငါးဦး သေဆုံး
ရောင်နီ (NSS) - ဩဂုတ် ၂၆
အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်မှာ ပြင်းထန်တဲ့ လေဆင်နှာမောင်း ၆ ခု ထက်မနည်း ဆက်တိုက် တိုက်ခတ်မှုတွေကြောင့် လူငါးဦး သေဆုံးပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တစ်နာရီ လေတိုက်နှုန်း ၁၄၅ ကီလိုမီတာ (တစ်နာရီ မိုင် ၉၀)ရှိ လေဆင်နှာမောင်းတစ်ခုဟာ ကြာသပ တေးနေ့ (သြဂုတ်လ ၂၄ ရက်)က မစ်ရှီဂန်ပြည်နယ် အင်ဂမ်ကောင်တီနဲ့ ကပ်လျက် Livingston ကောင်တီ အနောက်ဘက်အစွန်းကို ဖြတ်သွားကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာနက သောကြာနေ့ (သြဂုတ်လ ၂၅ ရက်)မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
မုန်တိုင်းဟာ Fujita အဆင့်မှာ ဒုတိယ အနိမ့်ဆုံးအဆင့် EF-1 ထိရှိနေပြီး ဝေးကောင်တီရှိ ဘယ်လ်ဗယ်လီ နဲ့ ဂီဘရာလ်တာမှာ နောက်ထပ် EF-1 အဆင့် လေဆင်နှာမောင်း လေးခု၊ မွန်ရိုကောင်တီရှိ တောင်ရော့ဝုဒ်နဲ့ နယူးပေါ့အနီးမှာ လေဆင်နှာမောင်း ၂ ခု ဆက်တိုက်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။ မစ်ရှီဂန်ပြည် နယ်အုပ်ချုပ်ရေးမှူး ဂရစ်ချန်ဝစ်မာက သောကြာနေ့ (သြဂုတ်လ ၂၅ ရက်)မှာ ဝေးနဲ့ မွန်ရိုးခရိုင်တွေအတွက် အကူအညီနဲ့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ဖို့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ မုန်တိုင်းတွေဟာ Erie Lake ကိုဖြတ်ကာ အရှေ့မြောက်ဘက် အိုဟိုင်းယိုးပြည်နယ်ကို ရွေ့လျားခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် ထောင်နဲ့ချီတဲ့ အိမ်တွေနဲ့ လုပ်ငန်းတွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
အဆိုပါ မုန်တိုင်းတွေဟာ မိုးခေါင်မှု၊ ရေကြီးမှုနဲ့ တောမီးတွေလို ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းရောက် MoU လုပ်သားများအား One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဥ် မကြာမီစတင်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ