ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ၍ (၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့
NSS - သြဂုတ် ၂၅
မကွေတိုင်း၊ ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လိုက်ပါလာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ၍ (၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(သြဂုတ် ၂၅ ရက်) နံနက် ၆ နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာအကြားရှိ ကားလမ်းပိုင်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
ဂွေးချိုကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် (၆)ဦးသည် စူပါကာစတန်အမျိုးအစား ယာဉ်ဖြင့် မောင်းနှင်လိုက်ပါလာစဉ် အချိန်တွင် ရေစကြို PDF အဖွဲ့က သေနတ်များဖြင့် ဝိုင်းဝန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အလစ်အငိုက်မှာ အပစ်ခံရလို့ အဲဒီလောက် ဆိုးသွားတာပါ။ နောက်ပြီးတော့ ပြည်သူ့စစ်အဖွဲ့တွေ သွားတဲ့ကားကို အတိအကျသတင်းပေးတဲ့သူရှိလို့ ဒီလိုဖြစ်သွားတာ။ ဒီဖြစ်စဉ်က တော်တော်လေးဆိုးပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် စူပါကာစတန်ယာဉ်၌ သေနတ်ကျည်ဆံ အချက်ပေါင်းများစွာ ဖောက်ဝင်မှုများရှိခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်(၆)ဦးသည်လည်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ယာဉ်ပေါ်၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လိုက်ပါလာသည့်ကားအား ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေနတ်(၅)လက် နှင့် ကျည်ဆံ (၁ဝဝ)ကျော်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ရေစကြိုမြို့နယ် PDF အဖွဲ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း တိုက်လေယာဉ်မှူးများကို အမေရိကန်နိုင်ငံအတွင်း အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ လေ့ကျင့်သင်ကြားပေးမယ်လို့ အမေရိကန်စစ်ဌာနချုပ် ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ