Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်း တိုက်လေယာဉ်မှူးများကို အမေရိကန်နိုင်ငံအတွင်း အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ လေ့ကျင့်သင်ကြားပေးမယ်လို့ အမေရိကန်စစ်ဌာနချုပ် ပြော

ဂျန်ဇက် (NSS) - ဩဂုတ် ၂၅

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ယူကရိန်းတိုက်လေယာဉ်မှူးများကို လာမယ့်လမှ အက်ဖ် ၁၆ တိုက်လေယာဉ်များ အသုံးပြုပုံနဲ့ပတ်သက်ပြီး လေ့ကျင့်ပျံသန်းမှုတွေကို သင်ကြားပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ယူကရိန်းဟာ ရုရှားတပ်ဖွဲ့ရဲ့ထိုးစစ်ဆင်မှုတွေကို ရင်ဆိုင်နိုင်အောင် အက်ဖ် ၁၆ တိုက်လေယာဉ်များ ရယူလိုနေပြီး ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ဒေသတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ပြည့်ဝတဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ဖို့ စေ့စပ်ဆွေးနွေးနေကြောင်း သိရပါတယ်။ 

အမေရိကန်စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူပတ်ရိုင်ဒါက အမေရိကန်နိုင်ငံမှာ လေ့ကျင့်သင်ကြားပေးမယ့် အက်ဖ် ၁၆ တိုက်လေယာဉ်များ အသုံးပြုပုံနဲ့ပတ်သက်ပြီး သင်တန်းကို ယူကရိန်းတိုက်လေယာဉ်မှူး ဒါဇင်ချီ ပါဝင် လေ့ကျင့်သင်ကြားဖွယ်ရှိနေကြောင်း ပြောပါတယ်။


၎င်းက "လေယာဉ်မှူးတွေကို တက်ဆက်ပြည်နယ် Lackland လေတပ်အခြေစိုက်စခန်းမှာ အင်္ဂလိပ်စာ ဘာသာစကားသင်ကြားပေးမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာ သင်ကြားပြီးချိန်မှာ လေယာဉ်မှူးတွေကို အရီဇိုးနားပြည်နယ်မှာ အက်ဖ် ၁၆ တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းပုံနဲ့ လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ပေးသွားမှာပါ" လို့ ပြောပါတယ်။

အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အရီဇိုးနားပြည်နယ် Morris  လေတပ်အခြေစိုက် စခန်းမှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အက်ဖ် ၁၆ တိုက်လေယာဉ်များ နဲ့ ပတ်သက်ပြီး ယူကရိန်း လေယာဉ်မှူးများ ကို လေ့ကျင့်သင်ကြားပေးမယ့်အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။


အမေရိကန်အစိုးရက "သမ္မတဂျိုးဘိုင်ဒန်ဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ်လို့ ထပ်မံကတိပြုခဲ့ပါတယ်" လို့ပြောပါတယ်။

ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပေးမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအပေါ် မြောက်ကိုရီးယားစစ်ဘက်က ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးပြီး ကမ္ဘာကြီးကို ပိုမိုအန္တရာယ်ဖြစ်အောင်လုပ်ဆောင်ကာ နျူကလီးယားစစ်ပွဲဖြစ်လာစေဖို့ ဖန်တီးနေကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးကင်ဆူနမ်က ဝေဖန် ပြစ်တင်ထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို ကုလသမဂ္ဂ သတိပေး

RECENT POSTS
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved