နိုင်ငံအကျိုးစီးပွားကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့ အတိတ်ကဖြစ်ခဲ့တဲ့ပဋိပက္ခတွေကို စိတ်ထဲမှတ်မထားဖို့ ထိုင်းဝန်ကြီးချုပ်အသစ်ကို ထိုင်းဗိုလ်ချုပ်ကြီးဟောင်း တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၂၅
ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သလို လက်ရှိအိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ပရာယွတ်ချန်အိုချာက နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အတိတ်က ဖြစ်ခဲ့ဖူးတဲ့ပဋိပက္ခတွေကို စိတ်ထဲမထားဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင် က ထုတ်ဖော်ပြောကြားလိုက်ပါ တယ်။
ဆာရက်သာတာဗီဆင်ဟာ သြဂုတ် ၂၃ ရက်မှာ ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ထိုင်းဘုရင့်ရဲ့ တရားဝင်ခန့်အပ်မှု ခံရပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်သလို ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင်က "ကျွန်တော်နဲ့ ပရာယွတ်ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးချိန်အတွင်းမှာ ပရာယွတ် ချန်အိုချာက ထိုင်းနိုင်ငံရဲ့ဘာသာရေး၊ ဘုရင်စနစ်တို့အပြင် ထိုင်းပြည်သူတွေနဲ့ နိုင်ငံကို ကာကွယ်ဖို့၊ ဂရုစိုက်ဖို့ တောင်းဆိုခဲ့တယ်" လို့ ပြောပါတယ်။
ဆာရက်သာတာဗီဆင် နဲ့ ပရာယွတ်ချန်အိုချာတို့ဟာ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရပါ တယ်။
ဆာရက်သာတာဗီဆင်က "ပရာယွတ်ချန်အိုချာဟာ ကျွန်တော့်ကို စိတ်ရှည်သည်းခံဖို့ တိုက်တွန်းပြောခဲ့တယ်။ ဒါ့အပြင် ကောင်းမွန်တဲ့မူဝါဒတွေ ဆက်လက်လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့တယ်" လို့ပြောပါတယ်။ ပရာယွတ် ချန်အိုချာနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခြင်းဟာ ကောင်းမွန်မှုရှိခဲ့ပြီး ပရာယွတ်ချန်အိုချာက လေးစားစရာကောင်းသူဖြစ် ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးစစ်အာဏာသိမ်းမှုနှစ်ကြိမ်ဟာ ဖြူထိုင်းပါတီအစိုးရထံကနေ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပြီး ၂ဝဝ၆ ခုနှစ်က ဝန်ကြီးချုပ်သက်ဆင်၊ ၂ဝ၁၄ ခုနှစ်က ဝန်ကြီးချုပ်ယင်လပ်တို့ထံကနေ စစ်အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေစကြိုမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ မောင်းနှင်လာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ၍ (၆)ဦး ပွဲချင်းပြီး သေဆုံးခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ