"ဝဇီရာရုပ်ရှင်ရုံ" အား တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် "National Red Carpet Theatre" အဖြစ် ပြုပြင်ရန် စီစဥ်နေ
ယွန်း (NSS) - သြဂုတ် ၂၅
"ဝဇီရာရုပ်ရှင်ရုံ" အား တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် "National Red Carpet Theatre" အဖြစ် ပြုပြင်ရန် စီစဥ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြီးခဲ့သည့် သြဂုတ်လ(၁၈)ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွားရောက်ခဲ့သည့်ခရီးစဥ်အတွင်း China Global Television Net(CGTN) နှင့် တွေ့ဆုံမေးမြန်းစဥ် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာနေထိုင်လာခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး လက်ရှိတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဆင့်ကိုရောက်ရှိနေသည့်အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း တိုးမြှင့်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ “အမျိုးသားကဇာတ်ရုံ” အပါအဝင် “သုဝဏ္ဏအားကစားကွင်း” ကိုလည်း တရုတ်အစိုးရ၏ ထောက်ပံ့ပေးမှုဖြင့် စီမံဆောင်ရွက်ပေးထားပြီး မြန်မာနိုင်ငံရှိ စီမံကိန်းအများအပြားကို တရုတ်နိုင်ငံ၏အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် "ဝဇီရာရုပ်ရှင်ရုံ" ကိုလည်း နိုင်ငံတော်အနေဖြင့် "National Red Carpet Theatre" အဖြစ်သတ်မှတ်၍ တရုတ်နိုင်ငံ၏ အထောက်အပံ့နှင့် ပြုပြင်ရန် စီစဥ်လျက်ရှိကြောင်း ဦးမောင်မောင်အုန်းက ဆက်လက်ပြောကြားသည်။
"Art Center (အနုပညာ ဗဟိုဌာန)၊ နောက်ပြီးတော့ “ဝဇီရာရုပ်ရှင်ရုံ” ပေါ့။ ဒါကို နိုင်ငံတော်အနေနဲ့ “National Red Carpet Theatre” အဖြစ် သတ်မှတ်ပြီး တရုတ်နိုင်ငံရဲ့အထောက်အပံ့နဲ့ပြုပြင်ဖို့ စီမံလျက်ရှိပါတယ်။ “ဖလင်ပိဋကတ်တိုက်” လည်း ပါဝင်ပါတယ်။ ယဉ်ကျေးမှုနဲ့ နှစ်နိုင်ငံအပြန်အလှန် ချစ်ကြည်ရေးအတွက် ဒါတွေကို ကမ်းလှမ်းထားတာရှိပါတယ်" ဟု ဦးမောင်မောင်အုန်းက ထည့်သွင်းပြောကြားခဲ့သည်။
ဝဇီရာရုပ်ရှင်ရုံသည် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် တည်ဆောက်ထားသည့် အလျား ၁၁၅ ပေခန့်၊ အနံပေ ၁၄ဝ ခန့်ဖြင့် တည်ဆောက်ထား အဆောက်အအုံဖြစ်သည်။
ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂ဝ ပြည့်နှစ်တွင်တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ၌ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံဖြစ်ကာ မူလအမည်သည် Excelsior (အိတ်ဆဲစီယာရုံ) ဖြစ်သည်။ ထို့နောက် ၁၉၄၂ ခုနှစ်တွင် “အေဝမ်းရုပ်ရှင်ရုံ” ဟူ၍လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် “ဝဇီရာ” ဟူ၍လည်းကောင်း အမည်ပြောင်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအကျိုးစီးပွားကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့ အတိတ်ကဖြစ်ခဲ့တဲ့ပဋိပက္ခတွေကို စိတ်ထဲမှတ်မထားဖို့ ထိုင်းဝန်ကြီးချုပ်အသစ်ကို ထိုင်းဗိုလ်ချုပ်ကြီးဟောင်း တိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ