ဂျပန်နိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်နေသည့် မြန်မာယူ-၁၂အသင်း ဂျပန်အသင်းကို အနိုင်ရရှိ
သန့်ဇင် (NSS) - ဩဂုတ် ၂၅
အုပ်စုပွဲစဉ်များအပြီး Group League 4th Place ပွဲစဉ်အတွက် မြန်မာ U-12 အသင်းနှင့် အုပ်စု(D)မှ Tokyo Verdy U-12 အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်ကို ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ထားသည်။
ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၈ မိနစ်တွင် အောင်လ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် မြန်မာလက်ရွေး စင်ယူ-၁၂ အသင်းက Tokyo Verdy U-12 အသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာ U-12 အသင်းအနေဖြင့် အုပ်စု(C)တွင် Barcelona U-12 အသင်းကို ၄ ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ JEF United Ichihara Chiba U-12 အသင်းကို ၃ ဂိုး၊ ၁ ဂိုးဖြင့်လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် Daiwa House Dream U-12 အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးပွဲများ ဆက်ခဲ့ရာမှ ယခုအခါ ပထမဆုံးနိုင်ပွဲကို စတင်ရရှိခဲ့ခြင်းဖြစ်သည်။
ယခု ကျင်းပလျက်ရှိသော U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ဩဂုတ်လ ၂၇ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ U-12 အသင်းအနေဖြင့် အတွေ့အကြုံနှင့် ခြေစွမ်းပိုင်းတွင် ဆက်လက်ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"ဝဇီရာရုပ်ရှင်ရုံ" အား တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် "National Red Carpet Theatre" အဖြစ် ပြုပြင်ရန် စီစဥ်နေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း