အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အာမခံနဲ့ပြန်လည်လွတ်မြောက်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၅
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ၎င်းအပေါ်စွဲဆိုထားတဲ့စွဲချက်များကြောင့် ဂျော်ဂျီယာပြည်နယ် Atlanta မြို့ရှိ ဖူတွန်ကောင်တီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရမှာဖြစ်ပေမယ့် အာမခံနဲ့ပြန်လွတ်ပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတ သမိုင်းမှာ အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရမယ့် ပထမဆုံး သမ္မတဖြစ်လာခဲ့ကြောင်း အနောက်အုပ်စုမီဒီယာတွေက ဖော်ပြပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ၂ဝ၂ဝ ပြည့်နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဂျော်ဂျီယာပြည်နယ်ရဲ့ မဲရလဒ်တွေကို ပြောင်းပြန်ဖြစ်အောင် ကြားဝင်စွက်ဖက်ခဲ့တယ်လို့ စွပ်စွဲခံရမှု အပါအဝင် စွပ်စွဲမှုပေါင်း ဒါဇင်ချီ ရင်ဆိုင်နေရပြီး ဖူတွန်ကောင်တီအကျဉ်းထောင်မှာ ဖမ်းဆီးခံရဖွယ်ရှိနေတယ်လို့ အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဖမ်းဆီးထိန်းသိမ်းခံရပေမယ့် အာမခံနဲ့ လျင်မြန်စွာပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်ဟာ အာမခံငွေ အမေရိကန်ဒေါ်လာ ၂ သိန်းအပြင် ပြိုင်ဘက်ကို ပစ်မှတ်ထားပြီး ဝေဖန်တိုက်ခိုက်ဖို့ လူမှုကွန်ရက်အသုံးမပြုဖို့ စတဲ့ အချက်တွေကို သဘောတူညီခဲ့ရကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အာမခံနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် စွဲဆိုချက်တွေကို ငြင်းဆန်ကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဖူတွန်ကောင်တီမှာ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ပြီး အရှုပ်အထွေးဖြစ် အောင်လုပ်ဆောင်မှုအပြင် ဂျော်ဂျီယာပြည်နယ်ရဲ့ရာဇဝတ်မှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်များ အပါအဝင် အခြားစွဲချက်များကို ရင်ဆိုင်နေရသူဖြစ်ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ ၎င်းအနေနဲ့ အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့ကြောင်း၊ ၎င်းအပေါ် စွဲဆိုမှုများက လာမယ့် ၂ဝ၂၄ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လို့မရအောင် တားဆီးမှုမျိုးသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တံခါး နှင့် စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင်(၃)တိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ