ဧည့်မထဆန်တစ်ပြည်လျှင် (၂၅ဝဝ)ကျပ်နှုန်းဖြင့် ရန်ကုန်ရှိ မြို့နယ်(၁၇)ခုတွင် ယနေ့ စတင်ရောင်းချပေးနေ
ယွန်း (NSS) - သြဂုတ် ၂၅
ဧည့်မထအမျိုးအစား ဆန်တစ်ပြည်လျှင် ငွေကျပ်(၂၅ဝဝ)နှုန်းဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်(၁၇)ခုတွင် ယနေ့(သြဂုတ် ၂၅ ရက်) ၌ စတင်ရောင်းချပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သြဂုတ်လ(၂၄)ရက်တွင် အထက်ပါကဲ့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လူနေရပ်ကွက်များ၊ ဈေးများရှိ ဆန်ဆိုင်များတွင် ဧည့်မထအမျိုးအစား ဆန်တစ်ပြည်လျှင် (၂၅ဝဝ)ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်(၁၇)မြို့နယ်၏ ဆန်ဆိုင်(၄၂)ဆိုင်တွင် ယနေ့(သြဂုတ်လ ၂၅ ရက်)မှစ၍ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမြို့နယ်(၁၇)မြို့နယ်တွင် လှိုင်သာယာ အပါအဝင် ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ သင်္ကန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ နှင့် အင်းစိန်မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုကို ဝါးတန်းကုန်စည်ဒိုင် နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ပြီးခဲ့သည့် သြဂုတ်လ(၇)ရက်မှစ၍ စတင်ရောင်းချခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း ဆက်လက်ရောင်းချလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန်အိတ်(၁)အိတ် နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်(၁)အိတ်တို့ကို ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နေ့စဥ်ဆန်ဝယ်သူများအား ကုန်စည်ဒိုင်များတွင် ရောင်းချပေးလျက်ရှိပြီး စက်မှုဇုန်များ၊ စက်ရုံများရှိ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက်လည်း လိုအပ်ချက်အရ တင်ပြလာပါက ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
အလားတူ လူနေရပ်ကွက်များအတွင်းသို့ ကားဖြင့် လှည့်လည်၍ ဧည့်မထ အမျိုးအစား ဆန်တစ်ပြည်လျှင် (၂၅ဝဝ)ကျပ်နှုန်းဖြင့် ရောင်းချပေးမှုကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အာမခံနဲ့ပြန်လည်လွတ်မြောက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ