ခေါင်းဆောင်ဖြစ်သူပရီဂိုဇင် သေဆုံးမှုအတွက် လက်စားချေသွားဖို့ အဆင့်သင့်ရှိနေကြောင်း ရုရှားကြေးစားတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၄
ရုရှားကြေးစားတပ်ဖွဲ့ Wagner အုပ်စုဟာ ၎င်းတို့ရဲ့ခေါင်းဆောင်ပရီဂိုဇင် သေဆုံးမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဟင်ဟာ သြဂုတ် ၂၃ ရက်က မော်စကိုမြို့ကနေ စိန့်ပီတာဘရက်စ်မြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့သွားရောက်ချိန်အတွင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁ဝ ဦးစလုံး သေဆုံးခဲ့ကြောင်း ရုရှားမီဒီယာတွေက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါကြေးစားတပ်ဖွဲ့ဟာ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ရုရှားစစ်ခေါင်းဆောင်တွေကို ရာထူးကဖြုတ်ချဖို့ မကြာသေးမီက ရုရှားအစိုးရကို လက်နက်ကိုင်ပုန်ကန်ခဲ့ရာ ဘီလာရုစ့်သမ္မတရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြေလည်မှုရရှိခဲ့ပြီး Wagner ကြေးစားတပ်ဖွဲ့တွေဟာ ဘီလာရုစ့်နိုင်ငံကို ရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။
ဘီလာရုစ့်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ကြေးစားတပ်ဖွဲ့အုပ်စုတွေဟာ လက်ရှိအချိန်မှာ ဘီလာရုစ့်နိုင်ငံကနေ ရုရှားနယ်စပ်အထိ ချီတက်ဖို့ အလားလာများနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ မကြာသေးမီက လူမှုကွန်ရက်မှာ ပျံ့လွင့်ခဲ့တဲ့ရုပ်သံဖိုင်ထဲမှာ မျက်နှာဖုံးဝတ်ထားသူတစ်ဦးက ၎င်းတို့ဟာ ရုရှားကြေးစားတပ်ဖွဲ့တွေ ဖြစ်ကြောင်း၊ ကြေးစားတပ်ဖွဲ့တွေအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာကို ဆွေးနွေးသွားရမှာဖြစ်ကြောင်း၊ ၎င်းတို့အနေနဲ့ ခေါင်းဆောင်အတွက် လက်တုံ့ပြန်ဖို့ အဆင်သင့်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။
အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်အဖြစ် လက်ထောက် ခေါင်ဆောင်ဖြစ်သူ Dmitry Utkin လည်း ပါဝင်သွားဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုနောက်ကွယ်မှာ ရုရှားသမ္မတပူတင် ပါဝင်ဆက်နွယ်ဖွယ်ရှိနေကြောင်း ထင်ကြေးပေး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧည့်မထဆန်တစ်ပြည်လျှင် (၂၅ဝဝ)ကျပ်နှုန်းဖြင့် ရန်ကုန်ရှိ မြို့နယ်(၁၇)ခုတွင် ယနေ့ စတင်ရောင်းချပေးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ