အဖွဲ့ဝင်နိုင်ငံသစ်များ လက်ခံရန်အတွက် BRICS အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သဘောတူညီခဲ့ဟုဆို
Pika (NSS) - သြဂုတ် ၂၄
BRICS အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် အစုအဖွဲ့ကို ပိုမိုချဲ့ထွင်ရန် သဘောတူညီခဲ့ကြပြီး အဖွဲ့ဝင်ဖြစ်ချင်သော နိုင်ငံများ၏ ဝင်ခွင့်အတွက် စည်းမျဉ်းများနှင့် အခြေအနေများကို ချမှတ်ခဲ့ကြောင်း တောင်အာဖရိကအစိုးရက ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင် ဩဂုတ်လ(၂၂)ရက်မှ (၂၄)ရက်အထိ ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် သဘောထားကွဲလွဲမှုများကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံနှင့် တင်းမာမှုများမြင့်တက်နေသော တရုတ်နိုင်ငံသည် BRICS အဖွဲ့ကို ပိုမိုချဲ့ထွင်ရန် အခြား အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ ကမ္ဘာ့လူဦးရေ၏ (၄ဝ) ရာခိုင်နှုန်း နှင့် ကမ္ဘာ့စီးပွားရေး၏ လေးပုံတစ်ပုံခန့်ရှိသော BRICS အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ခွင့်ရရန်အတွက် နိုင်ငံပေါင်း နှစ်ဒါဇင်နီးပါး သည် တရားဝင်လျှောက်ထားခဲ့ကြောင်း တောင်အာဖရိကအာဏာပိုင်များက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များသည် အစုအဖွဲ့ကို ပိုမိုတိုးချဲ့ရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးပြီးဆုံးမည့်နေ့တွင် အသေးစိတ်အချက်အလက်မျာားကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး Naledi Pandor က ပြောကြားခဲ့သည်။
၎င်းက "BRICS အဖွဲ့ဝင်ဖြစ်လိုတဲ့နိုင်ငံတွေရဲ့တောင်းဆိုမှုတွေကို ထည့်သွင်းစဉ်းစားဖို့အတွက် လမ်းညွှန်ချက်တွေ၊ အခြေခံမူတွေနဲ့လုပ်ငန်းစဉ်တွေကို ချမှတ်ထားတဲ့ စာရွက်စာတမ်းတစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်၊၊ ဒါက တကယ် ကို ကောင်းပါတယ်" ဟု ပြောခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက "အဖွဲ့ဝင်နိုင်ငံသစ်တွေအတွက် တံခါးဖွင့်ပေးတာကို ထောက်ခံပါတယ်။ တစ်ညီတစ်ညွတ် တည်းရှေ့ဆက်သွားနိုင်ဖို့ လုပ်ဆောင်နေတာတွေအားလုံးကိုလည်း ကြိုဆိုပါတယ်" ဟု ပြောခဲ့သည်။
အီရန်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ အီဂျစ်၊ အီသီယိုးပီးယား နှင့် အာဂျင်တီးနားတို့သည် BRICS အဖွဲ့သို့ဝင်ရောက်ရန် စီစဉ်ထားသည့်နိုင်ငံများဖြစ်ကြောင်း တောင်အာဖရိကသမ္မတ ဆိုင်ရေးရာမာဖိုဆာက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘိလပ်မြေအိတ်များတင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်မှု မိတ္ထီလာမြို့တွင် ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ