ဘိလပ်မြေအိတ်များတင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်မှု မိတ္ထီလာမြို့တွင် ဖြစ်ပွား
စော(NSS) - ဩဂုတ် ၂၄
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ဘိလပ်မြေအိတ်များတင်ဆောင်လာသည့် (၂၀)ဘီးတွဲကားတစ်စီးသည် ဆိုင်ကယ်အား ရှောင်တိမ်းရာမှ တိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၄)ရက်၊ နံနက် (၆)နာရီဝန်းကျင်အချိန်တွင် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကားလမ်းမဘေး၊ မိုင်တိုင်အမှတ် (၃/၁)၊ တောမကျေးရွာအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘိလပ်မြေအိတ်တင်ဆောင်လာသော အဖြူရောင် Volvo အမျိုးအစား (၂၀)ဘီး နောက်တွဲယာဉ်သည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရှောင်တိမ်းခဲ့ရာ လမ်းဘေးသို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် မိတ္ထီလာမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင် ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရှိ ဘားတစ်ခုတွင်ဖြစ်ပွားသော ပစ်ခတ်မှုကြောင့် လူ(၁၁)ဦး သေဆုံးဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း