အမေရိကန်နိုင်ငံရှိ ဘားတစ်ခုတွင်ဖြစ်ပွားသော ပစ်ခတ်မှုကြောင့် လူ(၁၁)ဦး သေဆုံးဒဏ်ရာရ
Pika (NSS) - သြဂုတ် ၂၄
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Orange ကောင်တီရှိ ဘားတစ်ခုတွင် ဩဂုတ်လ(၂၃)ရက် ညက ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊
အဆိုပါ သေနတ်သမားသည်လည်း သေဆုံးသူငါးဦးထဲတွင် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူ(၆)ဦးကို ဆေးရုံ သို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း Orange ကောင်တီရဲဌာနက ပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုသည် ကယ်လီဖိုးနီးယားပြည်နယ် Orange ကောင်တီ Trabuco Canyon မြို့ရှိ Santiago Canyon လမ်းပေါ်တွင်ရှိသော ဘားတစ်ခုဖြစ်သည့် Cook's Corner ဘားတွင် ဩဂုတ်လ(၂၃)ရက် ည(၇)နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အာဏာပိုင်များက "ဒီသေနတ်ပစ်ခတ်မှုအတွင်းမှာ သေနတ်သမားလည်း သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ပိတ်ဆို့ထားပါတယ်" ဟု ပြောခဲ့သည်။
ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် FBI အေးဂျင့်များ နှင့် ATF ဗျုရိုမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး Orange ကောင်တီရဲအရာရှိများက ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားနေသောဂိုဏ်းများလက်ထဲတွင် အသက်မပြည့်သေးသော တရုတ်ကလေးငယ်(၁၁)ဦး ပိတ်မိနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း