မြန်မာနိုင်ငံရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားနေသောဂိုဏ်းများလက်ထဲတွင် အသက်မပြည့်သေးသော တရုတ်ကလေးငယ်(၁၁)ဦး ပိတ်မိနေဟုဆို
Pika (NSS) - သြဂုတ် ၂၄
မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်လှည့််ဖြားမှုများ လုပ်ဆောင်နေသော ရာဇဝတ်ဂိုဏ်း များလက်ထဲတွင် တရုတ်ကလေးငယ်(၁၁)ဦးပိတ်မိနေကြောင်း Fujian ပြည်နယ်အရှေ့ပိုင်းရှိ သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် မတ်လကတည်းက အသက်မပြည့်သေးသော တရုတ်ကလေးငယ် အနည်းဆုံး(၁၁)ဦးသည် မြန်မာနိုင်ငံရှိ အွန်လိုင်းကိုအသုံးပြုပြီး လိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများတွင် အလုပ်လုပ်ရန်အတွက် ဖြားယောင်း သွေးဆောင်ခံခဲ့ရကြောင်း အဆိုပါသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ microblogging ပလပ်ဖောင်း Weib oပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် စိုးရိမ်နေသောမိဘများသည် ၎င်းတို့၏ သားသမီးများနှင့် ဆက်သွယ် ရန်ခက်ခဲနေကြောင်း ထုတ်ဖော်ပြောထားကြသည်။
မိဘတစ်ဦးက "ကျွန်တော့်ကလေးက ရဲတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး မစုံစမ်းခိုင်းဖို့ ပြောပါတယ်။ ရဲတွေကို ဆက်သွယ်မယ်ဆိုရင် သူတို့ဒုက္ခရောက်လိမ့်မယ်လို့လည်း ပြောပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါ ကလေးငယ်(၁၁)ဦးထဲတွင် ကလေးနှစ်ဦးမှာ အသက်(၁၅)နှစ်နှင့် (၁၆)နှစ်အရွယ်များဖြစ်ပြီး အခြား ကလေးငယ်များ၏ အသက်ကို အတိအကျမသိရသေးကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ လူကုန်ကူးခံခဲ့ရသော ကလေးငယ်တစ်ဦးစီအတွက် ယွမ်(၂)သောင်းရရှိခဲ့သော ကြားခံလူတစ်ဦးသည် ၎င်းတို့အားလုံးကို မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူကုန်ကူးခံရသော ကလေးများထဲမှ တစ်ဦးက "ဒီနေရာကြီးကို အိမ်လို့မခံစားရပါဘူး" ဟု ၎င်း၏ မိဘများထံ စာရေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်း အသုံးပြုပြီးလိမ်လည်နေသော ရာဇဝတ်ဂိုဏ်းများကြောင့် ပြီးခဲ့သည့်သီတင်းများအတွင်း စိုးရိမ်ပူပန်မှုများ ပိုမို မြင့်တက်လာခဲ့ပြီး အာဏာပိုင်များသည် အဆိုပါရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်းနိုင်ရန် လုပ်ဆောင်နေလျက် ရှိကြောင်းလည်း သိရသည်။
အဆိုပါ ရာဇဝတ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေရသူများသည် ပြင်းထန်သောအကြမ်းဖက်မှုနှင့် နှိပ်စက်မှုများ ကို ခံနေရကြောင်း Sixth Tone မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ထို့အပြင် တရုတ်၊ ထိုင်း၊ လာအို နှင့် မြန်မာနိုင်ငံတို့သည် ဒေသတွင်းရှိ လောင်းကစားနှင့်လိမ်လည်မှုဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် စစ်ဆင်ရေးတစ်ရပ်ကို ပူးပေါင်းလုပ်ဆောင်ရန် ပြီးခဲ့သည့်ရက်ပိုင်းက သဘောတူညီခဲ့ကြကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငှက်ပျောတန်းဆိပ်ကမ်း၌ အသက်(၃၅)နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း