ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒီပလိုမာသင်တန်း(၃)ခုအတွက် သင်တန်းသားများခေါ်ယူ
စော (NSS) - ဩဂုတ် ၂၄
ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒီပလိုမာသင်တန်းသုံးမျိုးအတွက် သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။
ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ယနေ့(ဩဂုတ်လ ၂၄ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဘွဲ့ကြိုရှေးဟောင်းသုတေသန ပညာဒီပလိုမာသင်တန်း၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းနှင့် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းတို့အတွက် သင်တန်းသားများခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်မြို့ရှိ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်းတွင် ဘွဲ့ကြိုရှေးဟောင်းသု တေသနပညာဒီပလိုမာသင်တန်းနှင့် ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာသင်တန်းတို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင် တန်းတို့ကို ဖွင့်လှစ်သွားမည်ဖြစ်ကာ ၎င်းသင်တန်းများကို နိုဝင်ဘာလ (၁)ရက်တွင် စတင်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် ဝင်ခွင့်လျှောက်လွှာပုံစံကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ (နေပြည်တော်၊ ရန်ကုန်ဌာနခွဲ၊ မန္တလေးဌာနခွဲ )အပြင် ရန်ကုန်မြို့နှင့် ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့တွင် ဝယ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းအတွက် လျှောက်လွှာကိုလည်း အထက်ပါနေရာများအပြင် အမျိုးသားပြတိုက် (ရန်ကုန်၊ နေပြည်တော်)တို့တွင်လည်း ဝယ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ဘွဲ့ကြိုရှေးဟောင်းသုတေသန ပညာဒီပလိုမာသင်တန်းအတွက် လျှောက်လွှာများကို အောက်တိုဘာလ(၁၇)ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အလားတူ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းအတွက်လည်း လျှောက်လွှာများကို စက်တင်ဘာလ (၁)ရက်စတင်၍ ဝယ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာသင်တန်းအတွက် လျှောက် လွှာများကို အောက်တိုဘာလ (၃၁)ရက်တွင် နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဖွဲ့ဝင်နိုင်ငံသစ်များ လက်ခံရန်အတွက် BRICS အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သဘောတူညီခဲ့ဟုဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း