မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့မှုထပ်မံချမှတ်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - သြဂုတ် ၂၄
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နစကကို လေယာဉ်ဆီ ရရှိအောင် ကူညီပေးနေတဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ကုမ္ပဏီသုံးခုကို သြဂုတ် ၂၃ ရက်က ပိတ်ဆို့မှုထပ်မံချမှတ်လိုက်ကြောင်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့မှုချမှတ်ခံရသူများစာရင်းထဲမှာ ဒေါ်ခင်ဖြူဝင်းနဲ့ ဦးဇော်မင်းထွန်းတို့ ပါဝင်လာခဲ့သလို ၎င်းတို့နှစ်ဦးနဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီသုံးခုလည်း ပိတ်ဆို့မှုချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဦးဇော်မင်းထွန်းဟာ Asia Sun Group စီးပွားရေးလုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို ဒေါ်ခင်ဖြူဝင်းကလည်း အဆိုပါစီးပွားရေးလုပ်ငန်းစုနဲ့ ဆက်နွယ်နေသူဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က ဆိုပါတယ်။
ဒါ့အပြင် မြန်မာစီးပွားရေးသမားတွေ ထိန်းချုပ်ထားပြီး စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Shoon Energy PTE. LTD ကုမ္ပဏီ၊ P.E.I Energy PTE. LTD. ကုမ္ပဏီ နဲ့ PEIA PTE. LTD ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လကလည်း မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုကို ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း အမေရိကန်အပြင် အနောက်အုပ်စုနိုင်ငံတွေ၊ ဥရောပသမဂ္ဂအဖွဲ့တို့ကလည်း ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အယ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပြတ်လပ်မှုမကြုံနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ