လက်ရှိကမ္ဘာကြီးမှာ စစ်အေးခေတ်တိုက်ပွဲကာလတုန်းက စိတ်ဓါတ်မျိုးတွေ ဆက်လက်ရှိနေခြင်းအပေါ် တရုတ်သမ္မတ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - သြဂုတ် ၂၄
တရုတ်သမ္မတရှီကျင့်ဖျင်က လက်ရှိကမ္ဘာကြီးမှာ စစ်အေးခေတ်တိုက်ပွဲကာလတုန်းက စိတ်ဓါတ်တွေ ဆက်လက်ရှိနေခြင်းကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ဝေဖန်လိုက်ပါတယ်။
တရုတ်သမ္မတဟာ တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ BRICS ထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီးနောက် မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်က BRICS အဖွဲ့ဟာ စစ်မှန်တဲ့နိုင်ငံစုံဝါဒကို သွားမယ့်လမ်းကြောင်းကို ပုံဖော်လုပ်ဆောင်သွားမှာဖြစ် ကြောင်း ပြောပါတယ်။
သမ္မတရှီကျင့်ဖျင်က "ကျွန်တော်တို့ ကမ္ဘာကြီးဟာ တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ အသွင်ကူးပြောင်းမှုတွေကာလ အသစ်ကို ဝင်ရောက်လာခဲ့တယ်။ ကမ္ဘာကြီးဟာ လက်ရှိအချိန်မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ၊ ကွဲပြားမှုတွေ၊ အုပ်စု ဖွဲ့တာတွေ၊ မသေချာမရေရာမှုတွေ နဲ့ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာနေတယ်။ စစ်အေးခေတ်တိုက်ပွဲကာလတုန်းက စိတ်ထားတွေဟာ လက်ရှိကမ္ဘာကြီးမှာ ရှိနေဆဲဖြစ်တယ်။ ပထဝီဝင်နိုင်ငံရေးအခြေအနေတင်းမာမှုတွေလည်း ပိုမို ဖြစ်လာနေတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ယူကရိန်း နဲ့ ရုရှားစစ်ပွဲမဖြစ်ပွားခင် အချိန်ကတည်းက အဆိုပါအဖြစ်ပျက်တွေဖြစ်လာနေ ခြင်းဖြစ်ကြောင်း၊ ယူကရိန်းပဋိပက္ခဟာ ခက်ခဲရှုပ်ထွေးတဲ့အကြောင်းအရင်းတွေကြောင့်ဖြစ်လာခဲ့ပြီး အခြေအနေ တွေကို ပိုမိုဆိုးရွားလာဖို့ နဲ့ မီးလောင်ရာလေ့ပင်လုပ်တာမျိုးတွေ မလုပ်ဆောင်သင့်ကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံလိုမျိုး ဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံတွေအပေါ် တန်းတူညီမျှဆက်ဆံသင့် ကြောင်း တရုတ်သမ္မတ က ပြောပါတယ်။ သမ္မတရှီကျင့်ဖျင်က "BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ အားလုံးပါဝင်ရေး စိတ်ဓါတ်၊ နိုင်ငံတွေကြား အပြန်အလှန်လေးစားမှုတွေကို တိုးမြှင့်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လွှတ်လပ်စွာရွေးချယ်ခွင့်ရရှိရေး၊ အဖွဲ့ဝင်နိုင်ငံများရဲ့နိုင်ငံသားအချင်းချင်း သဟာဇာတဖြစ်ဖို့ နဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ဖို့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယဘုရားကြီး၏ လျှပ်စစ်မီတာခသည် တစ်လလျှင်ကျပ်သိန်း (၁၅ဝဝ) နှင့် (၂၀၀၀)ကြားရှိဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ