မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် အရာထမ်း၊ အမှုထမ်းပေါင်း (၃ဝဝဝ)နီးပါးက လက်တွေ့ စမ်းသပ်မဲပေးခဲ့
ရဲပြည့်(NSS) - ဩဂုတ် ၂၄
မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် အရာထမ်း၊ အမှုထမ်းပေါင်း (၃ဝဝဝ)နီးပါးက လက် တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ ၂၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာန မင်္ဂလာခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၉၄)ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၃၂၁) ဦးတက်ရောက်ကာ မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးကြကြောင်းလည်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Myanmar Electronic Voting Machine (MEVM) စက်များအား ဝန်ကြီးဌာနများသို့ သွားရောက်၍ သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ ဩဂုတ်လ ၂၃ ရက်အထိ ဝန်ကြီးဌာန ၁၆ ခု၌ အရာထမ်း၊ အမှုထမ်းပေါင်း ၂,၉၈၈ ဦး လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စနစ်ကို အစိတ်အပိုင်း သုံးခုဖြင့် ဖွဲ့ စည်းတည် ဆောက်ထားပြီး ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲရုံ၌ မဲဆန္ဒရှင်ပြည်သူများက မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်ရှိ မိမိနှစ်သက်ရာ ပါတီ/တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်တန်းတည်းရှိ ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ပြီး မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။
၎င်းမဲပေးစက်သည် လျှပ်စစ်မီးအပေါ် မှီခိုမှုမရှိသည့်အတွက် နေရာဒေသမရွေး အသုံးပြုနိုင်ကြောင်းသိရပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများလေ့လွင့်မှုမဖြစ်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တိကျမြန်ဆန်ရေးနှင့် မဲမသမာမှုများကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း UEC က အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိကမ္ဘာကြီးမှာ စစ်အေးခေတ်တိုက်ပွဲကာလတုန်းက စိတ်ဓါတ်မျိုးတွေ ဆက်လက်ရှိနေခြင်းအပေါ် တရုတ်သမ္မတ ဝေဖန်ပြစ်တင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ