အဆိုတော်ဗျူဟာ ထောင်ဒဏ် နှစ် (၂၀)ချမှတ်ခံရ
ရဲပြည့်(NSS) - ဩဂုတ် ၂၄
ဟစ်ဟော့အဆိုတော် ဗျူဟာကို ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်ကြောင်း ၎င်း၏ဇနီး ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
အဆိုတော်ဗျူဟာသည် ပြီးခဲ့သည့် မေလ ၂၄ ရက်က ၎င်းနေထိုင်သည့် မြောက်ဒဂုံ၊ ဗထူးအိမ်ယာ(၂)၊ (၄၈)ရပ်ကွက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုတော်ဗျူဟာ၏ ဇနီးဖြစ်သူက "ငါ့မိန်းမနေမကောင်းဖြစ်နေတာပဲ။ အနားမှာနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး... အခုတော့ နှစ် ၂၀ တဲ့လား။ ဘာများလုပ်မိလို့ပါလဲ"ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
ဖမ်းဆီးထိန်းသိမ်းခြင်းမခံရမီက အဆိုတော်ဗျူဟာသည် လျှပ်စစ်မီးပုံမှန်မရရှိသည်ကို မကျေနပ်ခြင်းကြောင့် ဆဲဆိုထားသည့် ဗီဒီယိုဖိုင်တစ်ခုကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ကြောင်း သိရသည်။
"ထောင်ဒဏ် နှစ် ၂ဝ မနေ့က ချမှတ်လိုက်တာမှန်ပါတယ်။ ပုဒ်မနှစ်ခုနဲ့ပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်မှု၊ လုံလောက်သည့် လျှပ်စစ်ဓာတ်အားမရရှိခြင်းကြောင့် ပြည်သူများက အမျိုးမျိုးသော ပြောဆိုဝေဖန်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျေးလက်ဒေသများတွင် အသေးစားရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်နေဟုဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ