ထိုင်းနိုင်ငံ နဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အလုပ်တွေကို အရိုးသားဆုံးနဲ့အပြင်းထန်ဆုံး လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်အသစ် ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၄
ထိုင်းနိုင်ငံ နဲ့ ထိုင်းပြည်သူများအကျိုးစီးပွားအတွက် အရိုးသားဆုံးနဲ့ မမောမပန်းလုပ်ကိုင်သွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာ တာဗီဆင်က ကတိပြုပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းဖြစ်တဲ့ ဆာရက်သာဟာ ထိုင်းလွှတ်တော်နှစ်ရပ်ရဲ့လုံလောက်တဲ့ ထောက်ခံမှုတွေကိုရရှိခဲ့ပြီးနောက် သြဂုတ် ၂၃ ရက်မှာ ထိုင်းဘုရင်နန်းတော်ရဲ့ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်က "ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ အရေးကြီးတဲ့အလှည့်ပြောင်းနေရာကို ရောက်ရှိနေ တယ်။ စီးပွားရေး၊ ဝင်ငွေရရှိမှု၊ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှုကောင်းမွန်မှု၊ လုံခြုံရေး၊ နိုင်ငံခြားရေးကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ အကျင့်ပျက်လာဘ်စားမှု နဲ့ တရားမျှတမှုကိစ္စတွေဟာ အခက်အခဲတွေရှိနေခဲ့တယ်။ ဒါတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားမှာပါ။ ကျွန်တော် ဦးဆောင်မယ့်အစိုးရအဖွဲ့ဟာ ဒီအခက်အခဲ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ မူဝါဒတွေ အကောင်းဆုံးချမှတ်ဆောင်ရွက်သွားမှာပါ။ ထိုင်းအစိုးရအဖွဲ့ အသစ်အနေနဲ့ ပြည်သူအားလုံးအတွက် အကောင်းဆုံးအလုပ်လုပ်သွားမှာပါ" လို့ ပြောပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ကံကြမ္မာကို ပြန်လည်သုံးသပ်ဖို့ နဲ့ နိုင်ငံတကာအခန်းကဏ္ဍာတွေမှာ ဂုဏ်ယူရယူဖို့ ၎င်းရဲ့အစိုးရအဖွဲ့အသစ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့ ထိုင်းပြည်သူတွေကို ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။
၎င်းက "ဖြူထိုင်းပါတီ ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ထိုင်းပြည်သူတွေအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေရရှိစေဖို့၊ ပျော်ရွှင်မှုတွေရရှိစေဖို့ နဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အလုပ်တွေကို အပြင်းထန်ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့ အစိုးရအဖွဲ့အသစ်ဟာ မျှတမှုနဲ့ တန်းတူညီမျှဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ထိုင်းနိုင်ငံရဲ့နောက်မျိုးဆက် တွေနဲ့ ပြည်သူတွေနဲ့ ချမ်းသာပျော်ရွှင်စေဖို့ လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ထိုင်းအစိုးရအဖွဲ့အသစ်ကို ဦးဆောင်ဖွဲ့စည်းမှာဖြစ်ပြီး စက်တင်ဘာလကုန်မှာ ထိုင်းအစိုးရအဖွဲ့အသစ် ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆိုတော်ဗျူဟာ ထောင်ဒဏ် နှစ် (၂၀)ချမှတ်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ