နိုင်ဂျာကို တိုက်ခိုက်ရန်အတွက် လေကြောင်းပိုင်နက်အသုံးပြုခွင့်ပေးရန် ပြင်သစ်၏ တောင်းဆိုချက်ကို အယ်လ်ဂျီးရီးယားအစိုးရ ပယ်ချ
Pika (NSS) - သြဂုတ် ၂၃
ပြီးခဲ့သည့်ဇူလိုင်လတွင် အာဏာသိမ်းမှုများဖြစ်ပွားခဲ့သော နိုင်ဂျာနိုင်ငံကို စစ်ရေးအရ စစ်ဆင်ရေးများ လုပ်ဆောင် ရန်အတွက် လေပိုင်နက်အသုံးပြုခွင့်ပေးရန် ပြင်သစ်အစိုးရ၏ တောင်းဆိုမှုကို အယ်လ်ဂျီးရီးယားအစိုးရက ပယ်ချခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဇူလိုင်(၂၆)ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ဂျာသမ္မတ မိုဟာမက်ဘာဇွန်ကို ပြန်လွှတ်မပေးပါ က နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များကိုဆန့်ကျင်ကာ တိုက်ခိုက်ရန် ပြင်သစ်အစိုးရက စီစဉ်နေသည်ဟု သတင်းရရှိထားကြောင်း အယ်လ်ဂျီးရီးယားအမျိုးသားရေဒီယိုက ထုတ်လွှင်ခဲ့သည်။
အယ်လ်ဂျီးရီးယားအမျိုးသားရေဒီယို က "အယ်လ်ဂျီးရီးယားလေပိုင်နက်ကိုဖြတ်ပြီး ပျံသန်းခွင့်ပြုဖို့ တောင်းဆိုချက် ကိုပယ်ချခဲ့တဲ့အတွက် ပြင်သစ်အစိုးရဟာ သူ့ရဲ့စစ်လေယာဉ်တွေကို မော်ရိုကိုလေပိုင်နက်ကိုဖြတ်ပြီး ပျံသန်းခွင့်ပြု ဖို့ တောင်းဆိုဖို့လုပ်နေပါတယ်" ဟု သတင်းထုတ်လွှင့်ခဲ့သည်။
နိုင်ဂျာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စတင်ရန်နှင့် ဖြုတ်ချခံခဲ့ရသော နိုင်ဂျာသမ္မတ မိုဟာမက် ဘာဇွန်ကို ပြန်လွှတ်ပေးရန်အတွက် ကိုလိုနီအရှင်သခင်ဟောင်းပြင်သစ်နိုင်ငံသည် စစ်ရေးအရ ဝင်ရောက်စွက်ဖက် မှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း နိုင်ဂျာစစ်ခေါင်းဆောင်များက စွပ်စွဲပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ဂျာနိုင်ငံကို စစ်ရေးအရဝင်ရောက်စွက်ဖက်များ လုပ်ဆောင်မည်ဆိုသည့် အချက်ကို ငြင်းဆိုထားသော်လည်း အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုင်းအဝိုင်း ECOWAS ၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
နိုင်ဂျာနိုင်ငံကို သမ္မတမိုဟာမက်ဘာဇွန် ပြန်လည်အုပ်ချုပ်စေရန်အတွက် သံတမန်ရေးရာ ကြိုးပမ်းမှုများ မအောင်မြင်ပါက နိုင်ဂျာနိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည့်ရက်ကို ဆုံးဖြတ်ထားကြောင်း ECOWAS အဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်သည့်ရာဇဝတ်မှုများကို မြန်မာအစိုးရနှင့်ပူးပေါင်းပြီး ပြတ်ပြတ်သားသား နှိမ်နင်းမည်ဟု ထိုင်း၊ တရုတ် နှင့် လာအို သံအမတ်ကြီးတို့ ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ