အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်သည့်ရာဇဝတ်မှုများကို မြန်မာအစိုးရနှင့်ပူးပေါင်းပြီး ပြတ်ပြတ်သားသား နှိမ်နင်းမည်ဟု ထိုင်း၊ တရုတ် နှင့် လာအို သံအမတ်ကြီးတို့ ဆို
ဂျန်ဇက်(NSS) - သြဂုတ် ၂၃
မြန်မာနိုင်ငံနှင့် တရုတ်၊ ထိုင်း၊ လာအို သုံးနိုင်ငံ၏ သက်ဆိုင်ရာဌာနများအကြား သက်ဆိုင်ရာသဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် ထောက်ခံအားပေးမည်ဖြစ်ပြီး ရာဇဝတ်မှုဖြစ်ပွားမှုများမြင့်မားလာမှု အခြေအနေကို ပြတ်ပြတ်သားသားနှိမ်နင်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန် လိုက်သည်။
သြဂုတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး Mr. Heuangseng Khamdalavong တို့နှင့်အတူ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပပြီး ဒေသတွင်း လောင်းကစားနှင့် လိမ်လည်မှု ရာဇဝတ် မှုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင်ဒေသတွင်း၌ လောင်းကစားနှင့် လိမ်လည်မှုပြဿနာများ ဆိုးရွားလျက်ရှိပြီး တရုတ်၊ ထိုင်း၊ လာအို အပါအဝင် ဒေသတွင်းနိုင်ငံများမှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဘေးကင်းလုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်လျက်ရှိနေသည်ဟု အဆိုပါသုံးနိုင်ငံ၏ သံအမတ်ကြီးများက ယူဆလက်ခံခဲကြောင်းသိရသည်။
တရုတ်၊ လာအို နှင့် ထိုင်း သုံးနိုင်ငံတို့မှ သံရုံးများသည် မြန်မာနိုင်ငံနှင့် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်ပြီး ရှာဖွေ စစ်ဆေးကယ်ဆယ်မှုများ ဆောင်ရွက်ကာ လောင်းကစားနှင့် လိမ်လည်မှုများ လုပ်ဆောင်နေသည့်အုပ်စုများကို တိုက်ဖျက်နိုင်စွမ်း ပိုမိုအားကောင်းလာစေရန် ကူညီပေးလျက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
မကြာသေးမီက တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို လေးနိုင်ငံမှ ရဲတပ်ဖွဲ့များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်း အဝေးကျင်းပ၍ ဒေသတွင်း ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစား ရာဇဝတ်မှုများ၊ ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီးမှု စသည့်ရာဇဝတ်မှုများကို အထူးပူးပေါင်းတိုက်ဖျက်မှုများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့၌ ဆိုင်ကယ်နှင့် အိုးဝေတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ (၄)ဦးဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း