မန္တလေးမြို့၌ ဆိုင်ကယ်နှင့် အိုးဝေတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ (၄)ဦးဒဏ်ရာရရှိ
သန့်ဇင်(NSS) - ဩဂုတ် ၂၃
မန္တလေးတိုင်း၊ ချမ်အေးသာစံမြို့နယ်တွင် ဆိုင်ကယ် နှင့် အိုးဝေတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသား(၃)ဦးခြေထောက်ကျိုးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယမန့် (ဩဂုတ်လ ၂၂ရက်)၊ ညနေ ၄နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ၅၄ လမ်းနှင့် ၃၆ လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မြတ်သဒ္ဒါလူမှုကူညီရေးအသင်းထံမှ သိရသည်။
"တစ်ဖက်နဲ့တစ်ဖက်မျက်နှာချင်းဆိုင်ပေါ့။ လမ်းဆုံမှာ တိုက်မိတာလို့ထင်တယ်။ ဆိုင်ကယ်က လူငယ်တွေကတော့ Bar တစ်ခုခုကပြန်လာတယ်ထင်တယ်" ဟု မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ပေါ်မှ အသက်(၂၀)ဝန်းကျင် အမျိုးသား(၂)ဦးနှင့် အိုးဝေယဉ်မောင်းဖြစ်သူ အသက်(၃၅)ဝန်းကျင်အမျိုးသားတို့ ခြေထောက်ကျိုးဒဏ်ရာများရရှိကာ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူးဗျ။ ဆိုင်ကယ်က(၂)ယောက်က အခြားအသင်းကတင်တာဆိုတော့ မသိလိုက်ဘူးဗျ။ ကျွန်တော်တို့ တင်တဲ့အိုးဝေဆရာကတော့ ဘယ်ဘက်ခြေထောက်ကျိုးတယ်" ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ယာဉ်တိုက်မှုဖြစ်စဉ်မှ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သည့် အမျိုးသား(၃)ဦးနှင့် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးတစ်ဦးအား မန္တလေးမြို့ပြည်သူဆေးရုံကြီးသို့ ပို့ ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှုရရှိမည်ဆိုမှသာ အမ်ဘာပေကို ပီအက်စ်ဂျီအသင်း လက်လွှတ်ပေးသွားနိုင်ဖွယ်ရှိနေဟု သတင်းများထွက်ပေါ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း