ပြည်တွင်းဈေးကွက်၌ ယခုတစ်ပတ်အတွင်း ဆန်ချောဈေးများ မြင့်တက်လာ
NSS - ဩဂုတ် ၂၃
ဩဂုတ်လအစပိုင်းမှစတင်ပြီး ပြည်တွင်း၌ စားသုံးနေသည့်ဆန်ချောဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ယနေ့ (ဩဂုတ်လ ၂၃ ရက်)တွင် ရွှေဘိုဆန် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ် ဝန်းကျင်နှင့် ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဝန်းကျင်သို့ရောက်ရှိလာကြောင်း ဆန်စပါးကုန်စည်ဒိုင်များမှသိရသည်။
ရန်ကုန်ရှိ ဘုရင့်နောင်နှင့်ဝါးတန်းဆန်ဒိုင်များတွင် လက်လီဈေးများမြင့်တက်လာခြင်းဖြစ်ပြီး ယခင် သီတင်းပတ်ကထက် တစ်အိတ်လျှင် နှစ်သောင်းကျပ်မှ ငါးသောင်းကျပ် အထိမြင့်တက်လာခြင်းဖြစ်သည်။
ဇူလိုင်လကုန်ပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းနှစ်သောင်းဝန်းကျင်သာအမြင့်ဆုံးဈေးရှိခဲ့သော်လည်း ဩဂုတ်လ ၁၅ ရက်တွင် တစ်သိန်းသုံးသောင်းမှ လက်ရှိတွင်တစ်သိန်းလေးသောင်းခွဲအထိမြင့်တက်လာခြင်းဖြစ်သည်။
“ဆန်ချောဈေးတက်ရင်ဆန်ကြမ်းဈေးလဲ လိုက်တက်ပါတယ်။ လောလောဆယ်တော့ ဆန်ကြမ်းဈေးက တစ်အိတ်ကို ခုနှစ်သောင်းဝန်းကျင်ဘဲရှိတယ်။ ဈေးသိပ်မတက်သေးဘူး ။ပေါ်ဆန်းဈေးတွေကတော့ ဆက်တက်နေတာပဲ”ဟု ဝါးတန်းဆန်ဒိုင်မှ ဆန်ကုန်သည်တစ်ဦးကပြောသည်။
ဩဂုတ်လ၂၃ ရက် ဈေးကွက်ပေါက်ဈေးများအရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်တစ်သိန်းသုံးသောင်းမှတစ်သိန်းလေးသောင်းခွဲကြား၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းတစ်သောင်းမှ တစ်သိန်းနှစ်သောင်းသုံးထောင်ကြား၊ ရက်ကိုးဆယ်ဆန်တစ်အိတ်လျှင် ရှစ်သောင်းဝန်းကျင်နှင့် ဧည်မထဆန်တစ်အိတ်လျှင် ခုနှစ်သောင်းဝန်းကျင်ပေါက်ဈေးများရှိကြောင်းသိရသည်။
နစကမှကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆန်စပါးအသင်းချုပ်မှတဆင့် လက်လီဆန်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် အရန်ဆန်များထုတ်ရောင်းနေသော်လည်း ဆန်ဈေးသည် မြင့်တက်နေဆဲဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြင့်ပေ(၂)သောင်းကျော် ပျံသန်းနိုင်သည့်ဒရုန်းအသစ်ကို အီရန်အစိုးရထုတ်ဖော်ပြသ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ