ကမ္ဘာကျော်လူမှုကွန်ရက်တွေဖြစ်တဲ့ TikTok နဲ့ Telegram တို့အပြင် အွန်လိုင်းလောင်းကစားဆိုက်ဒ်ဖြစ်တဲ့ 1xBet ကို ပိတ်ပင်လိုက်ကြောင်း ဆိုမာလီအစိုးရ ကြေညာ
ဂျန်ဇက် (NSS) - ဩဂုတ် ၂၂
ဆိုမာလီအစိုးရဟာ ကမ္ဘာကျော် လူမှုကွန်ရက်တွေဖြစ်တဲ့ TikTok နဲ့ Telegram တို့အပြင် အွန်လိုင်းလောင်းကစားဆိုက်ဒ်ဖြစ်တဲ့ 1xBet ကို ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
ဆိုမာလီဟာ လုံခြုံရေးအခြေအနေများနဲ့ အကြမ်းဖက်မှုများဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ပိတ်ပင်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုမာလီအစိုးရက ပြောပါတယ်။ ဆိုမာလီဆက်သွယ်ရေးဝန်ကြီး Jama Hassan Khalif က အကြမ်းဖက်သမားတွေနဲ့ အကျင့်ပျက်အဖွဲ့စည်းတွေဟာ ပြည်သူတွေကို မဟုတ်မမှန်သတင်းတွေနဲ့ ထိတ်လန့် ကြောက်စရာကောင်းတဲ့ပုံရိပ်တွေ ဖြန့်ဖြူးဖို့ လူမှုကွန်ရက်တွေကို အသုံးပြုနေကြောင်း ပြောပါတယ်။
၎င်းက "သြဂုတ် ၂၄ ရက်နေ့ကစတင်ပြီး TikTok နဲ့ Telegram တို့အပြင် အွန်လိုင်းလောင်းကစားဆိုက်ဒ်ဖြစ်တဲ့ 1xBet ကို ပိတ်ပင်တော့မှာပါ။ အမိန့်ကို မလိုက်နာတဲ့သူတွေကိုတော့ ဥပဒေအတိုင်း အရေးယူသွားမှာပါ" လို့ ပြောပါတယ်။ အစ္စလမ်အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အယ်ရှာဘတ်စစ်သွေးကြွအုပ်စုဟာ ဆိုမာလီအစိုးရ ကို နှစ်ပေါင်း ၂ဝ နီးပါးကြာ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဆိုမာလီနိုင်ငံမှာ ၂ဝ၂၂ ခုနှစ် သြဂုတ်လကနေ ဒီဇင်ဘာလအတွင်း အယ်ရှာဘတ်စစ်သွေးကြွအုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ဝဝဝ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်အုပ်စုတွေဟာ TikTok နဲ့ Telegram တို့ကိုအသုံးပြုပြီး ပြည်သူကို ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ဆိုမာလီအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။
ဆိုမာလီအစိုးရဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း အယ်ရှာဘတ်စစ်သွေးကြွအုပ်စုနဲ့ ဆက်နွယ်တဲ့ မီဒီယာပေစ့်ပေါင်း ၄ဝ ကျော်ကို ဆိုင်းငံ့ခဲ့ကြောင်း သိရပါတယ်။ ဆိုမာလီအစိုးရဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အစ္စလမ်အစွန်းရောက်အဖွဲ့ဖြစ်တဲ့ အယ်ကိုင်ဒါ နဲ့ ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေကို စစ်ရေးထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုဖြစ်ပေါ်ပြီးနောက် လက်နက်ကိုင်(၃)ဖွဲ့သည် NCA လမ်းကြောင်းမှ သွေဖယ်သွားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ