ဘီလာရုစ့်နိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် ရုရှားနိုင်ငံ တိုက်ခိုက်ခံရသလိုမျိုး မှတ်ယူပြီး လက်တုံ့ပြန်တိုက်ခိုက်ပေးသွားမယ်လို့ ရုရှားအစိုးရပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၁
ရုရှားနိုင်ငံအနေနဲ့ အဓိကမဟာမိတ် ဘီလာရုစ့်နိုင်ငံအပေါ် ရန်စတိုက်ခိုက်လာမယ်ဆိုရင် လက်တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ ၎င်းတို့ပိုင်ဆိုင်တဲ့လက်နက်တွေကို အသုံးပြုသွားမှာဖြစ်ကြောင်း ရုရှားသံအမတ်ကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားပြည်ထဲရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဘီလာရုစ့်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Boris Gryzlov က ရုရှားနိုင်ငံရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ ဘီလာရုစ့်နိုင်ငံကို တိုက်ခိုက်မယ့် အခြားနိုင်ငံတွေကို သတိပေးပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။
၎င်းက "ရုရှားသမ္မတ ပူတင်က ပြောဆိုထားပြီးဖြစ်တယ်။ ဘီလာရုစ့်ကို တိုက်ခိုက်လာမယ်ဆိုရင် ရုရှားနိုင်ငံ တိုက်ခိုက်ခံရမှုအဖြစ် မှတ်ယူပြီး၊ လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ပြောထားပြီးဖြစ်ပါတယ်။ ရုရှားအစိုးရဟာ ဘီလာရုစ့်နိုင်ငံတိုက်ခိုက်ခံရမယ်ဆိုရင် ရုရှားနိုင်ငံမှာ ရှိတဲ့လက်နက်အားလုံးကို အသုံးပြုတိုက်ခိုက်မှာပါ။ နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်တာမျိုးတွေလည်း ရှိလာနိုင်တယ်" လို့ ပြောပါတယ်။
ရုရှားနိုင်ငံ နဲ့ ဘီလာရုစ့်နိုင်ငံကို စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဘီလာရုစ့်နိုင်ငံရဲ့တောင်းဆိုချက်များကြောင့် ရုရှားနိုင်ငံဟာ ဘီလာရုစ့်နိုင်ငံမှာနျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားမှာဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ပြောပါတယ်။ ဘီလာရုစ့်နိုင်ငံဟာ လက်ရှိအချိန်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံ နဲ့ တင်းမာမှုတွေဖြစ်ပွားလျက်ရှိနေကြောင်း သိရပါတယ်။
ပိုလန်နိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့အပြင် နေတိုးအဖွဲ့ကလည်း အားပေးထောက်ခံမှုတွေရှိနေရာ နှစ်နိုင်ငံကြား တင်းမာမှုတွေပိုမိုဖြစ်လာမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူထိုင်းပါတီဦးဆောင်တဲ့ ၁၄ ပါတီညွန့်ပေါင်းအဖွဲ့မှာ ထိုင်းစစ်ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်နေတဲ့ပါတီများ ပါဝင်လာပြီး အထက်လွှတ်တော်ရဲ့ထောက်ခံမဲရဖို့ အလားလာများနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ