ဖြူထိုင်းပါတီဦးဆောင်တဲ့ ၁၄ ပါတီညွန့်ပေါင်းအဖွဲ့မှာ ထိုင်းစစ်ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်နေတဲ့ပါတီများ ပါဝင်လာပြီး အထက်လွှတ်တော်ရဲ့ထောက်ခံမဲရဖို့ အလားလာများနေ
ဂျန်ဇက် (NSS) - သြဂုတ် ၂၁
ထိုင်းရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံးရရှိထားတဲ့ ဖြူထိုင်းပါတီဟာ ပါတီပေါင်း ၁၄ ခု ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေပြီး သြဂုတ် ၂၁ ရက်မှာ အစိုးရအသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။
ဖြူထိုင်းပါတီ ဦးဆောင်တဲ့ ၁၄ ပါတီ ညွန့်ပေါင်းအဖွဲ့ဟာ အောက်လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၅ဝဝ အနက် ၃၁၇ မဲရရှိထားပြီးအထက်လွှတ်တော်အမတ်ဦးရေ အနည်းဆုံး ၆ဝ ရဲ့ ထောက်ခံမဲရရှိမယ်ဆိုရင် ဖြူထိုင်းပါတီက အဆိုပြုတင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိနေပြီး ထိုင်းညွန့်ပေါင်း အစိုးရအဖွဲ့သစ်ဖွဲ့စည်းနိုင်ဖွယ်ရှိနေပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ အနည်းဆုံး ၃၇၅ မဲရရှိဖို့လိုအပ်နေရာ ထိုင်းစစ်တပ်က ခန့်ထားတဲ့အထက်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမဲ ရရှိဖို့လိုအပ်နေပါတယ်။ ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်နေတဲ့ ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီ၊ ပလန်ပရာချာရက်ပါတီအပြင် ထိုင်းစစ်တပ်နဲ့နီးစပ်မှုရှိတဲ့သူတွေ ဦးဆောင်တဲ့ Bhumjaithai ပါတီတို့ ပါဝင်နေရာအထက်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမဲရရှိဖို့ အလားအလာများနေတယ် လို့ သိရပါတယ်။
ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့်သူတွေထဲမှာ ထိုင်းအိမ်ခြံမြေသူဌေးကြီး ဆာရက်သာတာဗီဆင်၊ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးဖြစ်သူ ပီတွန်တန် ရှင်နာဝါထရာတို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ နီးလာချိန်မှာ ထိုင်းနိုင်ငံရေးပါတီတွေဟာ အပြိုင် အဆိုင်သတင်းစာရှင်းလင်းပွဲလုပ်ဆောင်တော့မှာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ၊ ရှေ့သို့ချီပါတီနဲ့ Bhumjaithai ပါတီတို့ဟာ သြဂုတ် ၂၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ ရှေ့သို့ချီပါတီဟာ မဲအများဆုံးရရှိခဲ့ပေမယ့် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သူများအပေါ် အပြစ်ပေးတဲ့ပုဒ်မတွေကို ပြင်ဆင်ပြောင်းလဲဖို့ကြိုးပမ်းခဲ့တာကြောင့် အထက်လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြိုင်ဘက်ပါတီတွေရဲ့ ဆန့်ကျင့်မှုများကိုရင်ဆိုင်ခဲ့ရပြီး ရှေ့သို့ချီပါတီက ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းသူ ပီတလင်ဂျာရိုအမ်ရက်ကို ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြိုင်ဘက်ပါတီက ထောက်ခံ မဲပေးခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
ပီတလင်ဂျာရိုအမ်ရက်ဟာ ထိုင်းအထက်လွှတ်တော်နဲ့ ပြိုင်ဘက်ပါတီတွေရဲ့ ထောက်ခံမဲ အပြည့်အဝ မရတဲ့အတွက် ဝန်ကြီးချုပ်ဖြစ်လာစေဖို့ လိုအပ်တဲ့မဲအရေအတွက်မျိုး မရခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့်တရုတ်ကုမ္ပဏီများက ပို့ကုန်၊ သွင်းကုန်အပါအဝင် လုပ်ငန်းလေးခုနှင့်ဆက်စပ်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း