စစ်တိုက်လာမယ်ဆိုရင် ကာကွယ်သွားဖို့ အဆင်သင့်ရှိနေသလို သုံးနှစ်အတွင်း အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းပေးမယ်လို့ နိုင်ဂျာစစ်အစိုးရပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၁
နိုင်ဂျာနိုင်ငံကို စစ်တိုက်လာမယ်ဆိုရင် ကာကွယ်သွားဖို့ အဆင့်သင့်ရှိနေကြောင်း၊ နိုင်ဂျာကို သုံးနှစ်အတွင်း အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ်ကို ပြန်လည်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင်ဖြစ် တဲ့ ဗိုလ်ချုပ်ကြီး Abdourahmane Tchiani က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံပိုင် ရုပ်သံကတဆင့် မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့ တာဖြစ်ပါတယ်။ နိုင်ဂျာစစ်အစိုးရအနေနဲ့ လာမယ့် တစ်လအတွင်း အရပ်သားအစိုးရအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်သွားဖွယ်ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။
၎င်းက "အရပ်သားအုပ်ချုပ်ရေးစနစ်ကို ပြန်လည်သွားမှာပါ၊သုံးနှစ်ထက် ကျော်လွန်မှာ မဟုတ်ဘူး" လို့ ပြောပါ တယ်။ နိုင်ဂျာအစိုးရနဲ့ ပြည်သူတွေဟာ စစ်တိုက်ဖို့ မလိုလားကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖွင့်လှစ် ထားဆဲဖြစ်ပြီး ကျူးကျော်ရန်စလာမယ်ဆိုရင် ခုခံတိုက်ခိုက်သွားဖို့ အဆင်သင့်ရှိနေကြောင်း နိုင်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင် က ပြောပါတယ်။
စစ်ရေးအရကျူးကျော်မှုတွေဟာ ပန်းခြံထဲမှာ လမ်းလျှောက်ရသလိုမျိုး လွယ်ကူမှာမဟုတ်ကြောင်း နိုင်ဂျာ ဗိုလ်ချုပ်ကြီးက ပြောပါတယ်။ နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်က "ကျွန်တော်တို့အားလုံး အကျိုးစီးပွား အတွက် အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းအတူတကွရှာဖွေသွားရမယ်" လို့ ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဖရိကအနောက်ပိုင်း စီးပွားရေးအဖွဲ့ ECOWAS အဖွဲ့က နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုဖို့ ဆုံးဖြတ်ထားကြောင်းအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံက နိုင်ဂျာမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားဖို့ သဘောတူညီလက်ခံထားကြောင်း သိရပါတယ်။ ချက်ဒ် နဲ့ Guinea နိုင်ငံတို့ဟာ နိုင်ဂျာအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းကို ဆန့်ကျင်ထားသလို စစ်ရေးနည်းလမ်းအသုံးပြုမယ့်အစီအစဉ်ကို လက်ခံခြင်း မရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ဘာကီနာဖာဆို နဲ့ မာလီနိုင်ငံတို့ကလည်း နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် ၎င်းတို့နိုင်ငံတွေအပေါ် စစ်ကြေညာခြင်းလို့ မှတ်ယူမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ ကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ