ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ ကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဩဂုတ် ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် အသက်(၂၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့သည် ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ ည ၇နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ဆင်ခေါင်းလေးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မပုလဲဝင်း(၂၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်ခွကြား၌ တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီလာရုစ့်နိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် ရုရှားနိုင်ငံ တိုက်ခိုက်ခံရသလိုမျိုး မှတ်ယူပြီး လက်တုံ့ပြန်တိုက်ခိုက်ပေးသွားမယ်လို့ ရုရှားအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း